အနှစ်ဆီမှ ဖုန်းချလိုက်သည့်အခါ ဖုန်းကို ငေးကြည့်နေမိသည်... ဖုန်းဆက်နေကျအချိန် အနှစ်ဆီက ဖုန်းမလာသေးသောကြောင့် ဖုန်းခေါ်လိုက်တာဖြစ်သည်... ဘယ်အချိန်ခေါ်ခေါ် အနှစ်က ဒီလိုမျိုး တစ်ခါမှ မပြောဖူးပေ... ထိုအချိန်တွင် ကျွန်မ ရင်ထဲ ဝမ်းနည်းမိသည်.. ဝေးဝါလာသော မြင်ကွင်းများကြောင့် မျက်ရည်လည်နေပြီဆိုတာသိလိုက်သည်... အနှစ်က အရင် ဒီလိုမျိူးမှ မဟုတ်တာ.. ကျွန်မကို အရမ်းချစ် အရမ်းတွယ်တာတဲ့ သူတစ်ယောက်က ဒီလိုဆက်ဆံတာခံရတော့ ကျွန်မ ငိုမိတာ အဆန်းမဟုတ်ပါချေ..
"ခင်ထား.."
ခေါ်သံကြောင့် အသံလာရာဆီ ကြည့်လိုက်တော့ အထုတ်တစ်ထုတ်ကို လက်တစ်ဖက်ကကိုင်ရင်း ကျွန်မဆီ ပြေးလာနေသော အနှစ်... သေချာအောင် မျက်လုံး နှစ်ဖက်ကို ခပ်ဖွဖွ ပွတ်ကြည့်လိုက်ရသည်..
"အနှစ်..."
အနှစ်က ဘာမှမပြောပါဘဲ ကျွန်မကို ပြေးဖက်လာသည်...
"အနှစ် ... ခင်ထားကို စိတ်မကောင်းဖြစ်အောင် စ,ပြန်ပြီနော်..."
ကျွန်မ အနှစ်ကို ပြန်ဖက်ထားရင် ပြောမိလိုက်သည်.. ထူးခြားစွာပင် အနှစ်က ဘာမှမပြောပေ..
"အနှစ် ... ဘာဖြစ်လို့လဲဟင်... တစ်ခုခုဖြစ်လာလို့လား.." ထိုအခါမှ အနှစ်က ဖက်ထားတာကို ဖယ်လိုက် သည်..
တကယ်က အနှစ်က ဘာမှမဖြစ်ဘူးလေ... ခင်ထားကို လွမ်းကို ဖက်နေမိတာ ဒါကို ခင်ထားက စိတ်ပူနေတာပင်...
"ဘာမှမဖြစ်ပါဘူး... အရမ်းလွမ်းနေရတာမို့ အတိုးချဖက်တာ..." အနှစ်က ဒီလိုရယ်ကျဲကျဲ စကားဆိုတော့ ခင်ထားက ပိုပြန်ပြီဆိုသည့် ပုံစံလုပ်ပြသည်..
"လာ သွားထိုင်ရအောင်..." ခင်ထားက အနှစ်လက်ကို ဆွဲကာ အိမ်ထဲခေါ်သွားသည်...
"ဆိုပါဦး.. ခင်ထားကိုလဲ ကြိုမပြောဘူး... အဲတာ ဘာလုပ်တာလဲ.." ခင်ထားက အနှစ်ကို ကြည့်ကာဆိုသည်..
"အဲတာ အံ့ဩအောင်လုပ်တာလေ... နောက်ပြီး ပျော်စရာလဲ ကောင်းမယ်ထင်လို့..."
"အေးပေါ့ ..အနှစ်ကတော့ ပျော်နေမှာပေါ့ .. ခင်ထားကတော့ ဝမ်းနည်းလိုက်ရတာ.. အနှစ်က ဘယ်တုန်းက အဲလိုပြောဖူးလို့လဲ..." ခေါင်းငုံ့ကာ တိုးဖွဖွ ပြောလာသော ခင်ထားစကားကြောင့် အနှစ် ခင်ထား လက်လေးကို ဆုပ်ကိုင်လိုက်သည်...
YOU ARE READING
ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်
Romanceမပြယ်သော မေတ္တာတရားတို့သည် ကျွန်မရင်မှ ဖြစ်တည်၍ သူ့ထံပါး ငြိတွယ်လေသည်....