ရုတ်တရက် လန့်နိုးလာတဲ့အခါ ဦးစွာသတိထားလိုက်မိတာက ဘယ်သူ့ရင်ခွင်ထဲမှာ အိပ်မိနေတာလဲ ဆိုတာပင်.. ညက သက်ဝေပြောတဲ့အတိုင်း လုပ်လိုက်တာ အမှန်တကယ်အိပ်ပျော်သွားခဲ့တာဖြစ်သည်.. ခင်ထား ဘယ်အချိန်အခန်းထဲ ဝင်လာတယ်ဆိုတာပင် အနှစ် မသိလိုက်ပေ.. ထို့ကြောင့် ရင်ခွင်ထဲကနေ မျက်လုံးကို အလျင်အမြန်ဖွင့်ကြည့်လိုက်တဲ့အခါ ခင်ထားဖြစ်နေသည်... နောက်ပြီး အနှစ်က ဘေးအစွန်းကို ဘာကြောင့်ရောက်နေရတာလဲ... အနှစ် အိပ်ရေးဆိုးလွန်းပြီးများ ခင်ထားကို ကျော်ခွပြီး ဒီဘက် ရောက်လာတာလား ဝေခွဲမရပေ.. ဘာပဲဖြစ်ဖြစ် ခင်ထားနဲ့ ဒီလိုလေး အိပ်ရတာကို သိပ်ပျော်နေပြီဖြစ်သည်.. ခင်ထားကတော့ အနှစ်ကို ဖက်ထားလျက် နှစ်ခြိုက်စွာအိပ်ပျော်နေသည်.. ရင်ခွင်ထဲမှ ခေါင်းမော့ကာ ခင်ထားကို ကြည့်လိုက်သည်... မီးရောင်မှိန်မှိန်လေး ထွန်းထားသောကြောင့် ခင်ထားမျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်... မျက်နှာလေးကို သေချာကြည့်လိုက်သောအခါ မျက်ခွံလေးသည် အနည်းငယ် ဖောင်းဖောင်းလေး ဖြစ်နေသည်.. နှာဖျားလေးသည် နီမြန်းနေသည်.. မျက်နှာလေးကို လက်ဖြင့် ဖွဖွလေး ပွတ်သပ်နေမိသည်.. မီးအိမ်ကို ပိတ်ရန်အတွက် ခုံပေါ်သို့ လက်လှမ်းလိုက်သည်.. မီးပိတ်ပြီးတဲ့အခါ ခုံပေါ်က ဖုန်းကို ယူလိုက်သည်... ခင်ထားခေါင်းအောက်သို့ လက်တစ်ဖက်ထိုးကာ ထွေးဖက်ထားလိုက်သည်.. နဖူးလေးကို ဖွဖွလေး နမ်းလိုက်သည်.. ကျန်လက်တစ်ဖက်ဖြင့် ဖုန်းဖွင့်လိုက်သည်... ထိုအခါ မက်ဆေ့ချ်မှာ စာဝင်နေတာကြောင့် ဝင်ကြည့်လိုက်သည်.. ခင်ထားဆီမှ စာဖြစ်တာကြောင့် ပို့ထားတဲ့အချိန်ကို ကြည့်လိုက်တော့ ၂နာရီနဲ့ ၄၈မိနစ်ဖြစ်သည်.. လက်ရှိအချိန်ကို ကြည့်လိုက်တော့ ၅နာရီဖြစ်သည်.. ဒါဆို ခင်ထားအိပ်သွားတာ ၂နာရီပဲ ရှိသေးတာပေါ့.. ခင်ထားပါးလေးကို တစ်ချက်နမ်းကာ စာကို ဖတ်လိုက်သည်..
'အနှစ်.. နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့အချိန်မှာ ခင်ထားကတော့ အိပ်လို့မပျော်ခဲ့ဘူးအနှစ်.. ခင်ထား ရှေ့မှာ အနှစ် ရှိနေပါလျက် ဘာကြောင့် အနှစ်ကို တအားလွမ်းနေတာပါလိမ့်.. ဒီတစ်ခေါက် ပြန်လာတဲ့အနှစ်က ခင်ထားအနှစ် မဟုတ်သလို ခံစားရတယ်အနှစ်ရယ်.. အနှစ်အပြုအမှုတွေက ခင်ထားကို အရမ်းရက်စက်တယ်.. ခင်ထားကို ဒီလိုကြီး မရက်စက်ပါနဲ့အနှစ်ရယ်.. အရင်နဲ့ အများကြီး ပြောင်းလဲသွားတယ်ဟာ.. အဲတာဘာကြောင့်လဲ ဟင်... အနှစ် မကြိုက်တာ ခင်ထား တစ်ခုခု လုပ်မိထားလို့လား.. ဒါမှမဟုတ်ရင်လေ ခင်ထားထက် ပိုချစ်ရမယ့်သူ ရှိနေပြီလား အနှစ်ရယ်.. အရင်ကလို ခင်ထားကို ဖက်လဲမဖက်ဘူး.. ခင်ထားလက်ကိုလဲ အနှစ် တစ်ခါလေးပဲ ကိုင်တယ်.. ခင်ထားကို ပြုံးလဲ မကြည့်ဘူး.. ငေးလဲမကြည့်ဘူး.. ခင်ထားအနားမှာ နေရရင် ပျော်ရွှင်ပါတဲ့ဆိုတဲ့ အနှစ်က အခုတော့ ခင်ထားကို မသိဟန်ဆောင်တယ်.. အနှစ် ဘယ်လောက် ဝမ်းနည်းနေမလဲဆိုတာ တွေးမကြည့်မိဘူးလား.. ဘာဖြစ်နေတာလဲ အနှစ်.. ခင်ထားကို အရင်လို မချစ်တော့လို့လားဟင်... အဲလိုတော့ ခင်ထား မထင်လိုက်ပါရစေနဲ့.. အနှစ်က ခင်ထားကို အချစ်ဆုံးဆိုတာကို ခင်ထား သေတဲ့အထိ ယုံကြည်နေပါရစေဟာ.. ဒီတစ်ခေါက် အနှစ်ပြန်လာမယ်ဆိုတော့ ခင်ထား ဘယ်လောက်ပျော်ခဲ့လဲ အနှစ် ဘယ်သိမှာလဲ.. ခင်ထားလဲ အနှစ်ကို သိပ်ချစ်တာပါ ... ခင်ထားအတွက် ပျော်ရွှင်မှုဆိုတာ အနှစ်ကလွဲပြီး ဘယ်သူရှိနိုင်မှာလဲ အနှစ်ရယ်... အမြဲ အနှစ်အကြောင်းတွေပဲ တွေးပြီး လွမ်းတဲ့စိတ်ကို အချိန်တိုင်း ဖြေသိမ့်ခဲ့ရတာပါ ... အဲလို တအားလွမ်းနေရတဲ့သူတစ်ယောက်ကို တွေ့ရတော့မယ်ဆိုတော့ ခင်ထား ဘယ်လောက်တောင် ပျော်ခဲ့ရသလဲ.. ဒါပေမဲ့ဟာ ခင်ထား ပျော်ရွှင့်မှုတွေက ကြာရှည်မခံပါဘူး...အနှစ် ခင်ထားအပေါ်ကို ဒီလိုတွေဆက်ဆံတော့ ခင်ထား အရမ်းဝမ်းနည်းတယ်အနှစ်.. ခင်ထား မျက်ရည်ကျရင် မခံစားနိုင်တဲ့ အနှစ်က အခုတော့ ခင်ထား ငိုနေတာတောင် မသိဘူးနော်... ခင်ထား မဟုတ်တဲ့ အခြားသူတစ်ယောက်ကို ဖက်ပြီး အိပ်နေတာ အနှစ်သာ ခင်ထားနေရာမှာဆို ဘယ်လိုခံစားရမလဲ.. ခင်ထား ခံစားအောင် တမင်လုပ်နေတာဆိုလဲ ရပ်လိုက်ပါတော့ .. ခင်ထားတကယ် မခံစားနိုင်လို့ပါ.. ဒီခံစားချက် အရမ်းဆိုးတယ်ဟာ... ဒီနေ့ညတော့ ခင်ထားဘယ်လိုအိပ်ပျော်အောင် အိပ်ရမလဲ မသိဘူး.. အမှန်တိုင်း ပြောရရင် အနှစ်နဲ့ အတူရှိနေပြီး အတူမအိပ်ရတော့ ခင်ထားစိတ်ထဲ အနှစ်နဲ့ အရမ်းဝေးကွာနေသလို ခံစားရတယ်.. အခု ခင်ထား ငိုချင်တာပဲသိတယ်.. ဘာကြောင့် ခင်ထားအပေါ် ဒီလောက် ရက်စက်နိုင်ရတာလဲ အနှစ်ရယ်.. ခင်ထား ဘယ်တုန်းကမှ အတ္တမကြီးခဲ့ဘူး.. အခုတော့ အနှစ်နဲ့ ပတ်သက်ပြီး ခင်ထား အတ္တကြီးမိတော့မယ်... အနှစ်အပေါ်မှာ ခင်ထားချစ်လွန်းလို့ ပြုမှုတတ်တဲ့ ဂရုစိုက်မှုတွေကို အခြားသူတွေဆီမှာ မတောင်းခံပါနဲ့.. ဂရုစိုက်တာချင်းလဲ မတူဘူး.. လူချင်းလဲ မတူဘူး အနှစ်... ခင်ထားကလေ အနှစ်က ခင်ထားတစ်ယောက်ထဲဆီကသာ ဂရုစိုက်မှုကို လိုချင်တာလို့ ထင်ခဲ့တာ... အနှစ်က လူတိုင်းရဲ့ ဂရုစိုက်မှုကို လိုချင်ခဲ့တာပဲ.. ခင်ထားကလေ အနှစ်အပေါ် ပြုမှုတတ်တဲ့အပြုအမှု အပြောအဆို အဆိုးအနွဲ့တွေကို အနှစ်ကလွဲပြီး အခြားသူတစ်ယောက်အပေါ် ဘယ်တုန်းကမှ မသုံးစွဲခဲ့ဖူးဘူး... ဒါက အနှစ်တစ်ယောက်ထဲသာ မူပိုင်ဆိုတဲ့ စိတ်နဲ့ပေါ့... အနှစ်ကတော့ အဲလို ဟုတ်ပုံမပေါ်ဘူးနော်.. ဥပမာအနေနဲ့ပြောရရင် ထမင်းခွံကျွေးတာနဲ့ ပတ်သက်ပြီး အနှစ်သာ အစွဲထားမယ်ဆိုရင် ခင်ထားကျွေးတာကလွဲပြီး ကျန်တဲ့သူကျွေးရင် မစားဘဲနေမှာပေါ့... အခုတော့ အနှစ်ကိုယ်တိုင်က တောင်းဆိုတာဆိုတော့ ခင်ထား မတွေးတတ်တော့ဘူး အနှစ်ရယ်.. ခင်ထားကို ချစ်ရင်လေ အဲလိုမနေပါနဲ့နော်.. ခင်ထားဆီက အနှစ်ဘာလိုချင်လဲ အကုန်ဖြည့်ဆည်းပေးမယ်... ဒါပေမဲ့ အခြားသူတွေဆီကို ခင်ထားနဲ့တန်းတူထားပြီး လိုချင်တာ သွားမတောင်းပါနဲ့... ခင်ထား မခံစားနိုင်လို့.. ခင်ထားနဲ့ယှဉ်ပြီး ဘယ်လိုအရာမျိုးတွေကို ရွေးခိုင်း ရွေးခိုင်း ခင်ထားကိုပဲ ရွေးချယ်ပေးပါ.. အနှစ်ထားခဲ့တဲ့ ဘဝမှာ ခင်ထား ဘယ်လိုမှ ရှင်သန်နိုင်မှာမဟုတ်လို့.. ဒါပဲဟာ ၃နာရီထိုးနေပြီ... ဒီနေ့ညတော့ အနှစ်ရဲ့ ကျောပြင်ကိုကြည့်ပြီးပဲ အိပ်ရတော့မယ်ထင်ပါတယ် အနှစ်ရယ်...'
YOU ARE READING
ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်
Romanceမပြယ်သော မေတ္တာတရားတို့သည် ကျွန်မရင်မှ ဖြစ်တည်၍ သူ့ထံပါး ငြိတွယ်လေသည်....