Part...3

5.5K 353 37
                                    

စကားများလွန်းတဲ့လူရဲ့လည်ပင်းမှမေ့
ကြောကိုရိပေါ်ကထိအောင်ရိုက်လိုက်ပြီး
စောင်းကျလာသည့်ခေါင်းကိုထိန်းကိုင်
လျှက် သူ့ကိုယ်ကိုတစ်ဖက်သို့လှိမ့်ဆင်း
သည်။ ရန်သူ၏ခြေသံကလည်းနီးလာပြီတာကြောင့် မေ့မျောနေသူရဲ့မျက်နှာပေါ်ကို အပေါ်ထပ်အင်္ကျီနှင့်လွှားအုပ်သည်။
ဒါမှလည်း တစ်ဖက်ကရန်သူက ဒီလူ့ကို
မမှတ်မိတော့မှာလေ။

သစ်ရွက်ခြောက်များအား နင်းလျှောက်
သံများကို နားစွင့်ရင်း လစ်ခနဲပြုံးလိုက်
ပြီး မြေနိမ့်မှာဝပ်နေရာမှ ကိုယ်ကိုလှိမ့်
လျှက် ရှောင်းကျန့်အနားမှ ခွာလိုက်ပြီးနောက် သေနတ်ကိုရန်သူ၏ခြေထောက်
တည့်တည့်အား ပစ်လိုက်သည်။

"ဒိုင်း!"

"အား"

"ဒိုင်း"

လဲကျသွာသည့်လူဘေးမှပါလာသည့်
နောက်တစ်ယောက်က သူရှိနေရာကို
မှန်းဆပြီး သေနတ်နှင့်အဆက်မပြတ်
ပစ်ခတ်နေသည်ကြောင့် ကိုယ်ကိုလှိမ့်
ပတ်ကာရှောင်ရင်း မေ့မျောနေသူကို
လည်း လရောင်မှိန်ပျပျအောက်မှာ
အထိခိုက်မရှိရအောင် မျက်ချေမပျက်
ကြည့်နေရ၏။

"ဒိုင်း!"

မြေမှာဝပ်ရှောင်နေရာမှ အခွင့်သာသည်
နှင့်ထရပ်လိုက်ပြီး အဆက်မပြတ်ပစ်ခတ်နေသူ၏ရင်ဘတ်တည့်တည့်ကို ပစ်လိုက်
တော့မြေပြင်ပေါ်လှဲကျသွားပြီးခြေထော က် ကို သေနတ်မှန်ထားသူ၏လည်မျိုကို
လည်း ခြေထောက်နဲ့နင်းပစ်လိုက်သည့်
အလျှင်မှာလျှပ်စီးတစ်ခုအလား။
တစ်​ယောက်ကိုတော့ အသက်ရှင်လျှက်
ဖမ်းယူမည်တွေးထား၍ သေနတ်နဲ့သာ
ချိန်ထားပြီး ထိုသူအရှေ့ထိုင်ချကာ ရင် ဘတ်မှာ အင်္ကျီစကိုဆွဲဆုပ်မိစဥ် လက်
ထဲက ဓားနဲ့သူ့ကိုလှမ်းထိုးလာသ​ဖြင့်
ပြုံးရင်းတိမ်းရှောင်လိုက်ပေမယ့် လက်
မောင်းကိုရှပ်ထိသွားသည်ကြောင့်
ဖြင်းခနဲပင်။

သွက်သွက်ပဲရန်သူ၏လက်ထဲကဓားကို
လက်လွှဲယူလိုက်ပြီး ရင်ဘတ်တည့်တည့်
အား ညှာတာမှုမဲ့စွာ ထိုးသွင်းပစ်လိုက်၏။

"အား!"

"အသက်ရှင်ဖို့မထိုက်တန်ဘူး"

ရင်ဘတ်ထဲကဓားကိုဆွဲနှုတ်လိုက်ပြီး
အိတ်ကပ်ထဲထည့်သိမ်းလိုက်ပြီးနောက်
မြေနိမ့်ထဲမှ မေ့မျောနေသူထံသွားသည်။
မျက်နှာမှာအင်္ကျီအုပ်ထားသည့်ပုံကို
ကြည့်ရင်း ရိပေါ်ကသွားတန်းများပေါ်
သည်အထိရယ်သည်။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now