Part...5

5.2K 305 34
                                    

ရှောင်းကျန့်က သူ့ဘေးမှာထိုင်နေတဲ့
ရိပေါ်ကိုကြည့်ရင်း နှုတ်ခမ်းကိုမဲ့ပစ်
သည်။သေနတ်ကို တယုတယသုတ်နေပုံ
​က သွေးအေးရက်စက်သောအသွင်ကို
တန်းမြင်နိုင်ပြီး အကြင်နာတရားလည်း
အနည်းငယ်တောင်ရှိမယ့် ပုံမပေါ်ပေ။
အခုလည်း သူ့ကိုကျောင်းလိုက်ပို့ပေးမယ်
ပြောပြီး ကားပေါ်မှာ သေနတ်တရမ်းရမ်း
လု​ပ်နေတာ ဘာသဘောလဲ။ယန်ချင်းသာ
သူ့ကိုရိပေါ် ကျောင်းလိုက်ပို့တာမြင်ရင်
ဘယ်လို​ဖြေရှင်းချက်တွေ ပေးရမလဲ။
အရေးကြီးဆုံးက ရိပေါ်လက်ထဲကနေ
သူဘယ်လိုလုပ်မှ ပြေးလွှတ်နိုင်မှာလဲ။

စိတ်တွေရှုပ်ထွေးလာတာကြောင့် ကား
မှန်ကနေတဆင့်အပြင်ဘက်ကတောအုပ်
စိမ်းစိမ်းတွေကို ကြည့်ရင်းခုံအနောက်မှ
ကျောကိုမှီလိုက်ရာ အားပြင်းသွားတာ
ကြောင့် ဒဏ်ရာတွေရှိနေသဖြင့် နာကျင်
သွားရသည်။

"ကျစ်!"

"အာ့...ဘာလုပ်တာလဲ ဖွီးး ဘာတွေလဲ
မသောက်ဘူး"

"ခါးတယ်...ဖယ်စမ်းပါ"

"ဘာဆေးတွေလဲ"

"သေဆေး"

ပါးစပ်ထဲကိုဆေးအလုံးတွေလာထိုးထည့်
နေတဲ့ရိပေါ်ကြောင့် ရုန်းရင်းထွေးထုတ်
လျှက်​ မေးမိရာ​​ဖြေလာသည့်အဖြေက
သေဆေးတဲ့လေ။

"ကျုပ်တိုက်ရင် သေဆေးဖြစ်နေရင် တောင် သောက်လိုက် စကားမများနဲ့"

"မင်းဘာသာသောက်ပါလား မင်းပဲသေ
လိုက် သေလိုက်လို့"

စိတ်တိုလွန်းလို့အော်ချလိုက်ပြီးဆေးကို
ထွေးထုတ်ကာ လျှာကိုထုတ်ကာသုတ်
ရန်ပြင်တော့ ရိပေါ်ကသူ့လက်ကိုတွေ
ဆွဲချုပ်လာပြီး နှုတ်ခမ်းတစ်စုံအား
ဖိကပ်နမ်းလာ၏။ အကြမ်ပတမ်းထိတွေ့
လိုက်မှုကြောင့် နာကျင်သွားရပြီးရုန်းကန်
ပေမယ့် မရပါ။အောက်နှုတ်ခမ်းကို ဖိကိုက်ပြီးခံတွင်းထဲသို့ လျှာဖျားနှင့်အတင်းတိုးဝင်လာပြီး မွှေနှောက်၏။ ရှေ့မှာဂျိတ်ဆို သူက ကားမောင်းနေသည်မဟုတ်လား။ဘယ်လိုတောင် မရှက်နိုင်ရတာလဲ။

ရှောင်းကျန့်တစ်ကိုယ်လုံးရှက်စိတ်ကြောင့်
ထူပူလာပြီး သူ့အပေါ်ကိုဖိအုပ်လုမတတ်
ဖြစ်နေသည့် ရိပေါ်၏ကိုယ်ကို ထုရိုက်
တွန်းဖယ်ပေမယ့် အနမ်းတွေဟာပိုမိုသိပ်
သည်းလာပြီး ကြမ်းတမ်းစွာစုပ်ယူမှုများ
ကြောင့် နှုတ်ခမ်းထောင့်မှစီးကျလာ
သော အရည်ကြည်များဟာ လည်ပင်း
တစ်လျှောက်ထိပါ ပေကျံလာ၏။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now