Part...18

3.7K 295 71
                                    

ရှောင်းကျန့်က လှုပ်ရှားဖို့ခက်ခဲနေသည့်
ခါးအောက်ပိုင်းကြောင့် ကျစ်သပ်ရင်း
ချွေးများနှင့်စေးကပ်နေတဲ့ဆံစများကို
နဖူးပေါ်မှလှန်သပ်လိုက်သည်။နည်းနည်း
လေး လှုပ်မိတာနဲ့ စူးအောင့်နေသည့်အတွင်းပိုင်းတစ်နေရာကြောင့် အားယူ
လို့ ဖြေးဖြေးချင်းထဖို့ကြိုးစားရသည်။
ထထိုင်လိုက်ပြီးနောက် စောင်ကိုဖယ်
လိုက်ချိန်တွင် အောက်ပိုင်းတွင်အဝတ်စား
ကပ်နေခြင်းမရှိပေ။တင်ပါးဖုံးသည်အထိ
ရှည်သော ရှပ်အင်္ကျီပွပွတစ်ထည်ကိုသာ
ဝတ်ပေးထားသည်။ ရှက်စိတ်ကြောင့်
အံကြိတ်ရင်း ဘေးဘီကိုဝေ့ဝိုက်ကြည့်
ကာ သူ့ဘောင်းဘီကိုသူရှာမိ၏။ဝတ်ထား
တဲ့ရှပ်အင်္ကျီမှရနေသည့်ယောက်ျားဆန်
ဆန်အနံကို ရင်းနှီးပြီးသားဖြစ်တာကြောင့်သူတော်တော်လေး ချွတ်ပစ်ချင်နေပြီဖြစ်၏။

တံခါးဖွင့်သံကြားလိုက်ရသဖြင့်မော့ကြည့်
လိုက်စဥ်မှာပဲ ဝင်လာတဲ့ရိပေါ်၏အမိန့်
အာဏာနဲ့ပြည့်နေတဲ့အသံကိုစပြီးကြား
ရတော့သည်။

"ငြိမ်ငြိမ်နေ နာမယ်"

"မင်းစောက်ပါးစပ်ပိတ်ထား"

"ခင်ဗျားဘာဖြစ်နေလဲ"

ဒီလိုအခြေအနေမှာတောင်မေးရဲသေးတာ
လား။

"အရှက်မရှိတဲ့ကောင်"

"အဲ့တာဘာဖြစ်လဲ"

အနားကပ်လာပြီးသူ့ဘေးတွင်တင်ပါး
လွှဲထိုင်ရင်း ပခုံးမှလျောကျနေတဲ့အင်္ကျီ
ကိုဆွဲတင်ပေးလာသည်။ပြီးနောက် သူ့
ခါးအောက်ပိုင်းဆီသို့အကြည့်ရောက်လာ
ပြီး ပေါင်ကိုလှမ်းကိုင််လာသည်ကြောင့်
ပခုံးကိုတွန်းပစ်လိုက်ပေမယ့်တကယ်တမ်း
နာသွားသည်ကသူသာလျှင်။

"အာ့"

"တောက်ခ်! နာမယ်လို့ပြောနေတယ်လေ
ခင်ဗျားနားမလည်ဘူးလား"

"အနာလောင်သွားမှာစိုးလို့ဘောင်းဘီပေး
မဝတ်တာ"

"မရှက်နဲ့"

"ဖြောင်း"

ရိပေါ်၏ပါးကိုအားနဲ့လွှဲရိုက်လိုက်တော့
သူ့ကိုစူးရဲစွာကြည့်လာပြီး အနားကိုပို၍
တိုးကပ်လာသည်ကြောင့် ရှောင်းကျန့်ရဲ့
လက်လှုပ်ရှားမှုများဟာ ပိုမြန်လာပြီး
ဘယ်တစ်ပြန်ညာတစ်ပြန်ရိုက်ချပစ်သည်။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now