Part...24

3.2K 233 57
                                    

အနှိပ်စက်ခံထားတဲ့လူအရှေ့မှာရိပေါ်က
ခြေချိတ်ထိုင်ရင်း အကဲခတ်ကြည့်နေ၏။
ဂျိတ်ရဲ့ကြာပွတ်ရိုက်ချက်များက ပြင်းသ
ထက်ပြင်းလာသော်လည်း အရိုက်ခံနေရ
တဲ့လူ၏မျက်နှာတွင်တော့ နောင်တဆို
သည့်အရိပ်ယောင်ကို မတွေ့ရသေးပါ။
အမျိုးစုံသောနှိပ်စက်ခံရမှု၏နာကျင်မှုကြောင့်သာ ချန်ရှီးနဲ့ပတ်သတ်သောသတင်းအချက်အလက်များကို ထုတ်ပြော
လာသော်လည်း မိန်းကလေးများအပေါ်လုပ်ခဲ့တဲ့လုပ်ရပ်များအတွက် နောင်တ
မရပါ။ရိပေါ်က အကြောတင်းလွန်းသည့်ကောင်ကိုကြည့်ကာ တချက်ရယ်လိုက်ပြီးနောက်လက်ထဲကဓားပါးလေးကို လှည့်ကစားလျက်ထိုင်နေရာမှ ထရပ်သည်။

"ရပ်တော့"

ဂျိတ်၏နောက်ဆုံးကြာပွတ်လွှဲရိုက်ချက်
ခံပြီးနောက် အသက်ငွေ့ငွေ့သာရှုတော့
သည့်လူအနားတိုးကပ်သွားပြီး ချက်
အောက်သို့လက်ထဲကဓားအား အရှိိန်ပြင်း
စွာဆောင့်သွန်းလိုက်သည်။မလှုပ်တော့
သည့်လူကို တစ်ချက်ကြည့်ပြီး ထိုအခန်း
ထဲမှထွက်လာခဲ့သည်။

"သူဌေး"

"ပြော"

"လူကြီးမင်းယန်နဲ့ ဒီနေ့တွေ့ရပါမယ်
ပစ္စည်းတွေရောက်ပြီပြောပါတယ်"

"နောက်တစ်နာရီအတွင်း သွားမယ်"

"ဟုတ်ကဲ့"

ဂျိတ်နဲ့ပြောပြီး ရှောင်းကျန့်ရှိရာအခန်းထဲ
သို့သွားရန် အပေါ်ထပ်သို့တက်လာခဲ့၏။
အခန်းဝမှာစောင့်နေတဲ့ lazy က သူ့ကို
တွေ့သည်နှင့် အနားသို့အပြေးရောက်လာ
ခဲ့သည်။ပြီးနောက်ရှောင်းကျန့်အကြောင်း
တိုင်တောသံကို အဆက်မပြတ်ကြားရ
တော့သည်။

"boss"

"အကိုလေးက ဒဏ်ရာကိုဆေးအထည့်
မခံပါဘူး သံကြိုးတွေကိုအတင်းဖြုတ်
နေတာ လက်လည်းယောင်နေပြီ
ကျွန်တော့်ကိုလည်း အထဲအဝင်မခံပါဘူး
အပြင်ပေးထွက်ဖို့ပဲပြောနေပါတယ်
ပြီးတော့..."

"ပြီးတော့...ဘာဖြစ်လဲ"

"ကောင်လေးတစ်ယောက်နဲ့ဖုန်းပြောနေ
ပါတယ်"

"ဒုန်း!"

တံခါးကိုခြေထောက်နဲ့ကန်ဖွင့်ကာအထဲ
ကို ဝင်သွားတဲ့သူဌေးဖြစ်သူကိုကြည့်ရင်း
lazy ကတော့ တံထွေးတိတ်တိတ်လေး
​မျိုချမိပေမယ့် မျက်နှာပေါ်မှာအပြုံးတစ်
ခုကတော့ အထင်းသား။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now