Part...6

4.3K 268 34
                                    

ရှောင်းကျန့် က ရိပေါ်ပေးခဲ့သည့်ဖိုင်တွဲ
ကို လှန်နှောကြည့်ရင်း သူ့ခေါင်းကိုလည်း
မနားတမ်းအလုပ်ပေးနေသည်။ထိပ်ဆုံး
မှာရှိနေတဲ့လူကိုဖြိုချဖို့အတွက် အောက်
ခြေကိုအရင်ဖျက်စီးရမှာ သဘာဝပဲဖြစ်
တာကြောင့် ယန်ပိုင်ချွမ်းပြိုလဲပျက်စီးသွားဖို့အရေး သူကျော်ဖြတ်ရမယ့်အရာ
တွေက မနည်းပေ။အခုသူ့ရဲ့ပစ်မှတ်က
alex ဆိုသူပဲ။ alex မှာရှိနေတဲ့အချက်
အလက်တစ်ချို့ကို ရလိုက်ရင် နောက်
ဆွဲတွဲမကောင်းမှုတွေကိုရဖို့ ခြေတစ်လှမ်း
နီးသွားပြီလေ။ အခုဖိုင်တွဲထဲမှာလည်း
alex ရဲ့အချက်အလက်တွေပါနေတော့
သူဖောက်ထွင်းဝင်ရောက်ဖို့အနည်းငယ်
တော့ လွယ်ကူနေ၏။

"ဟိတ်လူ"

အခန်းထဲဝင်လာတဲ့ရိပေါ်၏အသံကြောင့်
မော့ကြည့်လိုက်တော့ လက်ထဲမှာဗန်းတစ်
ခုကို ကိုင်ထားသည်ကိုတွေ့ရ၏။

"ထမင်းလား မစားချင်သေးဘူး"

"ခင်ဗျားခေါင်းသေးသေးလေးနဲ့ ကိစ္စ
အကြီးတွေကို ဘာလို့ကိုင်တွယ်ချင်နေ
ရတာလဲ"

"ငါ့ကြိုးစားမှုငါ မင်းစောက်ကြောင်းမပါဘူး"

သူ့အပြောကြောင့်ပခုံးများလှုပ်ခတ်လို့
ရယ်လျှက်အနားကိုတိုးလျှောက်လာ၏။

"စားလိုက်စမ်းပါ"

"မစားဘူး ငါ့အနားမလာနဲ့ သွား"

"စကားများနဲ့"

"အု!"

ခါးကြားထဲကသေနတ်ကိုထုတ်ပြီး
ပါးစပ်ထဲကိုထိုးထည့်လာသည်ကြောင့်
တော်တော်လေးထိပ်လန့်သွားရ၏။
ခပ်ပြုံးပြုံးလုပ်နေသူအား လွှတ်ပေးဖို့
မျက်ဝန်းများနှင့် ပြောတော့ မျက်စံများ
ကိုလှိမ့်လို့ ယူလာတဲ့ဗန်းအား မျက်စပစ်
ပြသည်။ထမင်းစားမှ လွှတ်ပေးနိုင်မည့်
သဘော။ ခေါင်းငြိမ့်ပြလိုက်တော့မှပါးစပ်ထဲရောက်နေသည့် သေနတ်ကိုထုတ်ပေးလာသည်။

"အကျင့်မကောင်းတဲ့ကောင်"

ဘာမှတုံ့ပြန်မလာဘဲဖိုင်တွဲကိုသာဆွဲလု
သွားကာ လှန်နှောကြည့်နေ၏။

"မင်းကိစ္စမဟုတ်ဘူး ပြန်ပေး"

ရှောင်းကျန့် က ထမင်းသွပ်ထားသည်
ကြောင့်ပလုံးပထွေးအသံနှင့်ပြန်ပြော
တော့ ရေခွက်ကိုကမ်းပေးလာသည်။
လူကိုမထီသလိုပုံစံနှင့်လုပ်နေသည်ကို
ဘယ်လိုမှသည်းမခံနိုင်၍ ရေခွက်ကို
လက်နှင့်ပုတ်လိုက်တော့ ရိပေါ်ကိုယ်
ပေါ်သို့ ဖိတ်စင်သွားသည်။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now