Part...17⚠

6.1K 293 34
                                    

မိန်းမတစ်ယောက်ရဲ့လက်ကိုဆွဲပြီး ပြေး
ထွက်သွားရုံမက လူခြေတိတ်လမ်းကြား
ထဲမှာဖက်နေကြသည့် လုပ်ရပ်ဟာ ရိပေါ်
၏သွေးကြောမျှင်တိုင်းကို လှုပ်ခတ်စေခဲ့
သည်။ဒေါသကြောင့်ခန္ဓာ၏ အပူချိန်မှာ
တရှိန်ထိုးမြှင့်တက်လာပြီး အံ့ကြိတ်ထား
မိသည်မှာလည်း မေးကြောများတင်မက
လည်ပင်းကျောများပင် ထင်းလို့နေပြီဖြစ် ၏။မိန်းမတစ်ယောက်အရှေ့မှာ ကာရပ်လိုက်ပုံကိုမြင်လိုက်ချိန်မှာပဲ အောင့်တက်
လာသည့်ဝဲရင်အုံတစ်နေရာမှာ ဒေါသစိတ်
ကြောင့်ပါပဲလား။ဒါမှမဟုတ် ဝမ်ရိပေါ်က
ရွေးချယ်မခံခဲ့ရဘူးဆိုတဲ့ အသိ​ကြောင့်
ရှောင်းကျန့်ပေးလိုက်တဲ့ နာကျင်မှုမှာ
သူ့ထံရောက်ရှိလာခဲ့သည်လား။

"တောက်ခ်!"

"ခင်ဗျား ကျုပ်လက်ထဲကပြေးလွှတ်မယ်
ထင်နေလား"

"အာ့...နာတယ် ငါ့ကိုလွှတ်"

ဆွဲဆောင့်ခေါ်လာခဲ့ရာမှ အတင်းရုန်းကန် နေတဲ့ရှောင်းကျန့်ဟာကားထဲဝင်ဖို့ကို ငြင်းနေပြီး လွှတ်နေတဲ့လက်တစ်ဖက်နှင့်လည်း
ရိပေါ်၏ရင်ဘတ်ကိုအချက်ပေါင်းများစွာ
ထုရိုက်နေသည်။

"ကျုပ်ဒေါသကိုမဆွဲနဲ့!"

"အခုကားထဲဝင်"

"မင်းတစ်ယောက်တည်းဒေါသရှိတာလား"

လက်နှစ်ဖက်ကိုဆွဲချုပ်လိုက်တော့​ခြေ
တန်ရှည်များကိုအသုံးပြုလို့တိုက်ခိုက်ရန်
ပြင်လာရာ ရိပေါ်ကရှောင်တိမ်းလိုက်ပြီး
ကား body နဲ့ဆွဲကပ်ကာ နောက်ပြန်ချုပ်
ထားလိုက်သည်။ကား body နှင့်အပ်နေ
သောရှောင်းကျန်းမျက်နှာကိုကြည့်လိုက်
တော့ရဲတက်နေပြီးမျက်ဝန်းများကလည်း
သူ့ကိုကြည့်မနေ။

ရှောင်းကျန့်ကြည့်နေတဲ့နေရာက...

"ဟက်! ခင်ဗျားရှက်နေတာပဲ"

"ချစ်သူလေးအရှေ့မှာ ကျုပ် ဖမ်းခေါ်လာ
တာကို ရှက်နေတာပဲ"

"ဟား...ဟား"

ခြောက်ကပ်သောရယ်သံအဆုံးမှာတော့
ကားထဲကဂျိတ်ကပြေးထွက်လာသလို
ရိပေါ်ကလည်း ရှောင်းကျန့်အပေါ်အုပ်မိုး
လျက်နမ်းရှိုက်ခြင်းပြုလေတော့သည်။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now