Part...10

4.4K 267 28
                                    

ရှောင်းကျန့် က တုန်ရီနေတဲ့လက်ချောင်း
များကို ကြည့်ရင်းအောက်နှုတ်ခမ်းကို
လည်း လျှာနှင့်အကြိမ်ကြိမ် သပ်လျှက်
တုန်လှုပ်နေသည့်မျက်စံများကိုထိန်းချုပ်
ဖို့ကြိုးစားပေမယ့် မျက်ရည်စီးကြောင်း
များကသာ ပါးပြင်ထက်နေရာယူလာခဲ့
သည်။ကုတင်ထက်မှာ ဆေးသွင်းနေ
သည့်ရိပေါ်ကိုကြည့်လိုက်မိတော့ သူ့ကို
မျက်မှောင်ကုတ်လို့ကြည့်နေရင်းမှ မျက်
ရည်များကို မြင်သွားသည်နှင့်တူပါရဲ့
ဆတ်ခနဲထထိုင်လာသည်။

"ခင်ဗျားရူးနေပြီလား"

"မ...မဟုတ်ဘူး မင်းကိုကျတော့ skyကို
သတ်ပစ်လိုက်တုန်းက လူ့အသက်ကို
တန်ဖိုးမထားတတ်ကြောင်း ငါပြောခဲ့တာ
အခု...ငါကျတော့ ဘယ်နှစ်ယောက်ကို
သတ်ပစ်ခဲ့မှန်းတောင် မသိဘူး"

ဟုတ်တယ်။alex အိမ်ထဲကနေ တောထဲ
ကို အသက်လုပြေးလွှားခဲ့ပြီး ဇောနဲ့မို့
ဘာမှမစဥ်းစားနိုင်ခဲ့ပေမယ့် ဂျိတ် သူတို့
နှစ်ယောက်ကိုလာကယ်ခဲ့ပြီးအိမ်သို့ပြန်
ရောက်တော့မှ alex အိမ်ကအခြေအနေ
ကို ဂျိတ် ပြောကြားချက်များအရသိရပြီး
ဖြစ်ခဲ့သမျှကို စဥ်းစားမိရာ သူ့ကိုယ်သူ
ပင် မယုံနိုင်အောင်ဖြစ်နေရသည်။

"ကျစ်!"

"ခင်ဗျား ကြောင်မနေနဲ့"

"ငါ...ငါလေ..."

"ဟူး..."

ရိပေါ်ကလေပူတစ်ချက်မှုတ်ထုတ်ရင်းမှ
သွေးထွက်လွန်ထားသည်ကြောင့် ဆေးသွင်းထားသည့်အပ်ကို ဆွဲဖြုတ်ရင်း
ကုတင်ပေါ်မှ ဆင်းလာသည်။

"မင်းလက်မှသွေးတွေ"

"အရေးမကြီးဘူး"

ဘေးတွင်ဝင်ထိုင်လာပြီးနောက်လူကိုဆွဲဖက်ကာရင်ခွင်ထဲထည့်ရင်း လက်ခုံပေါ်
က သွေးတွေကိုသူ့ဘောင်းဘီနှင့်သူသုတ်
ပြီး မျက်နှာကိုလက်ဖဝါးနှင့် အုပ်ကိုင်လာ
ခဲ့သည်။

"ခင်ဗျား ငိုမနေစမ်းပါနဲ့"

ပြောလာသည့်လေသံနှင့်အပြုအမှုက
တခြားဆီဖြစ်နေ၍ ရှောင်းကျန့်လည်း
ရင်ခွင်ထဲထွက်ရင်း သူ့မျက်ရည်ကိုသူ
ဖိသုတ်လိုက်သည်။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now