Part...7

4K 291 36
                                    

သူငယ်ချင်းတစ်စုနဲ့ လိုက်သွားတဲ့ယန်ချင်း
ကြောင့် ရှောင်းကျန့်လည်း လစ်ထွက်လာ
ခဲ့ပြီး locker ထဲက အိတ်ကိုယူရန် ဖွင့်လိုက်ချိန်မှာပဲ ထွက်ကျလာတဲ့အိတ်တစ်ခု
ကို မြန်မြန်ပဲ ဖမ်းယူလိုက်သည်။ဘယ်သူ
များထည့်သွားလည်း မသိတာကြောင့်
အသာဖွင့်ကြည့်လိုက်စဥ်မှာပဲ မြင်လိုက်
ရတဲ့အရာကြောင့် အလောအလျှင်နှင့်
အိတ်ကိုရင်ဘတ်အနားကပ်ရင်း ဘေးဘီကိုဝေ့ဝိုက်ကြည့်လိုက်မိသည်။မည်သူမျှ
ရှိမနေတာ သေချာမှနဖူးမှ စီးကျနေသောချွေးများကိုသုတ်ဖယ်လျှက် လေပူတစ်ချက်မှုတ်ထုတ်၏။

သေနတ်ကိုမှာယူထားတာသူကိုယ်တိုင်ပဲ။အခုမြင်ရတော့လည်းလန့်ဖြန့်နေရတာလည်း သူကိုယ်တိုင်ပဲ။မလန့်လို့လည်း
မရဘူးလေ။ကျောင်းမှာလာထားသွား
တာ တယောက်ယောက်သာ မြင်သွားရင်
မတွေးရဲစရာပဲ။

သေနတ်ပါသည့် စက္ကူအိတ်ကိုလွယ်အိတ်
ထဲထိုးထည့်လိုက်ပြီး sms ဝင်သံကြောင့်
ဖုန်းထုတ်ကာ ကြည့်လိုက်တော့ မျက်လုံးအစုံကပြူးရပြန်၏။
တစ်ဖက်ကပို့ထားသည့်စာက'ငါပို့ထား
ပြီးပြီနော် ငွေကတော့မင်းယောက်ျား
ဆိုတဲ့သူပို့ထားပြီးပြီ sean မင်းအိမ်
ထောင်ကျသွားတာ congratulations'

"ရှီးဗားလ် ဘာတွေလဲဟ"

"ဝမ်ရိပေါ် မင်းပဲမှတ်လား"

တရားမဝင်ဝယ်ယူရသည့်သေနတ်တစ်လက်၏ တန်ဖိုးကမနည်းလွန်းတာကြောင့်
သူ့မှာရှိသမျှပိုင်ဆိုင်မှုတွေ ရောင်းပေါင်
ထားတာ။အခုတော့ ဝမ်ရိပေါ်ကငွေချေ
ပေးသွားတော့ ကျေးဇူးတင်မိပေမယ့်
မယုံရဲပါ။သူ့ကိုယ်သူလည်းကိုယ့်​ယောက်ျားပါတဲ့လေ။ပြောရဲလိုက်တဲ့ပါးစပ်။

စိတ်ပေါက်ပေါက်နှင့် locker ကိုတစ်
ချက်ကန်လိုက်မိရာ ပတ်ဝန်းကျင်တစ်ခု
လုံးဆူညံသွားတော့သည်။

"ဒုန်း"

"ဟီး...တောင်းပန်ပါတယ် တောင်းပန်ပါတယ်"

ဖြတ်သွားသည့် ဆရာမတစ်ယောက်ကို
မျက်နှာချိုသွေးရင်း တောင်းပန်ကြောင်း
ပြောပြီး ထိုနေရာမှ ပြေးထွက်လာခဲ့၏။
ကျောင်းအပြင်ရောက်တော့ ကားအမဲ
တစ်စီးကိုတွေ့လိုက်ရတာကြောင့် နှုတ်
ခမ်းကိုတစ်ချက်တွန့်ပစ်၏။
'ခင်ဗျားအိမ်ပြန်မလိုက်ရင် အကြမ်းနည်း
သုံးကြလိမ့်မယ်'လို့ ဝမ်ရိပေါ်ပြောသွား
သည့်စကားကို ကြားယောင်လာပြီးနောက်
မျက်နှာကို မော်ချီပစ်လိုက်၏။
ရှောင်းကျန့်ကိုများထိရဲရင်လာထိကြည့်
လိုက်စမ်းပါ။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now