Part...16

3.6K 251 55
                                    

အသက်ရှုမဝတော့သည့် ခံစားချက်
ကြောင့် လှုပ်ခတ်လာသည့်မျက်စံများနဲ့အတူ အာရုံထဲခံစားလာမိသည်က စုပ်ယူနမ်းရှိုက်ခြင်းခံနေရသည့် နှုတ်ခမ်းပါးထက်မှ အထိတွေ့များပင်ဖြစ်၏။အိပ်မောကျနေတဲ့လူတစ်ယောက်ကို အားနာမှုမရှိဘဲ ဇွတ်နမ်းတတ်တာ
ဝမ်ရိပေါ်ရဲ့အကျင့်ပဲဖြစ်တာကြောင့်
အံ့သြမနေတော့ပေ။ အောက်နှုတ်ခမ်း
ကို ပူထူသည်အထိစုပ်ယူနေတဲ့ရိပေါ်၏ နှုတ်ခမ်းကိုအမိအရပြန်လှည်ကိုက်ယူပစ်လိုက်တော့ မျက်လုံးများမှေးစေးလို့အသိမဲ့ပြုမှုနေရာမှ သတိဝင်သွားပုံရ၏။ရှောင်းကျန့်၏ပခုံးကိုလက်ချောင်းများ
နှင့် ပုတ်ကာလွှတ်ပေးဖို့အချက်ပြနေ သည်။

"မှတ်ပြီလား"

ကိုက်ခဲထားသည့်နှုတ်ခမ်းကိုလွှတ်ပေး
ရင်းပြောတော့ရိပေါ်ကလစ်ခနဲတစ်ချက်
ရယ်ပြီး သူ၏ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာ
ငုံ့မိုးလျှက် ပါးပြင်ကိုဖိကိုက်လာသည်။

"အာ့...မင်း!"

"နာ...နာတယ်...လွှတ်"

"ခင်ဗျားအရင်လုပ်တာ"

"မင်းငါ့ကိုအရင်နမ်းတာလေ!"

"ကျုပ်ကနမ်းနေကျ"

"ငါဘယ်တုန်းကခွင့်ပြုလို့လဲ"

"မသိဘူး!"

ဟင်...မသိဘူး...မသိဘူးလို့ဝမ်ရိပေါ်က
ပြောလိုက်တာလား။မျက်နှာကိုတဖက်
လွှဲပြီးခပ်ပေပေနဲ့မသိဘူးလို့ပြောလိုက်
တာပေါ့။

ရှောင်းကျန့်ကမျက်မှောင်များစုကုတ်
ရင်းမှ ပြုံး​ယောင်သန်းမိသွားစဥ် နောက်
တကြိမ်နမ်းရန် တိုးကပ်လာသည့်ရိပေါ်
ကြောင့် ကြိုးတုတ်ခံထားရတဲ့လက်များ
နှင့်သူ့မျက်နှာကိုသူ အုပ်ကွယ်လိုက်သည်။
ကြိုးဖြေလာတဲ့ရိပေါ်ကဒူးထောက်နေရာ
မှထရပ်ပြီး သူ့ကိုလည်းဆွဲထူပေးလာ
သည်။အချိန်အကြာကြီးတုတ်နှောင်ခံ
ထားရသည့်လက်များကိုဖိပွတ်ရင်းအနာ
သက်သာအောင်လုပ်နေရင်းမှသူ့ရှေ့မှ
ရပ်နေတဲ့ရိပေါ်ကိုကြည့်မိရာအင်္ကျီတထည်
လုံးသွေးများဟိုတစ်ကွက်ဒီတကွက်ပေ
နေပြီးနဖူးဇောင်းမှာလည်း သွေးများ
ခြောက်လို့ကပ်နေသည်ကိုတွေ့ရ၏။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now