Part...21⚠

5.4K 261 64
                                    

ရိပေါ်က ရှောင်းကျန့်လွယ်အိတ်ထဲကရ
သည့်Laptopထဲကအပြန်အလှန်ပြောထား
သည့်စာများကိုကြည့်ရင်း အံတကြိတ်ကြိတ်နှင့် ခေါင်းတရမ်းရမ်းခါနေသည်။
သေနတ်အပြင် ကျဥ်စက်တစ်ခုနဲ့ကျစ်ကြိုးများကိုလွယ်အိတ်ထဲပြန်ထည့်လိုက်ပြီး သူ့အားတညလုံးမလှုပ်မယှက်ရပ်
ကြည့်နေသည့် lazy လက်ထဲကိုပစ်ထည့်လိုက်သည်။ပြီးနောက်ထရပ်လိုက်ပြီး စိတ်ရှုပ်စွာနှင့် ဆံစများကိုထိုးဖွမိသည်။

"သူဌေး"

ထိုစဥ်ဂျိတ်က အပြေးရောက်လာသဖြင့်
ကြည့်လိုက်ရာ ပြင်းထန်သောဒဏ်ရာ
မျိုးမတွေ့တာ​ကြောင့် ခေါင်းငြိမ့်ကာအသိ
မှတ်ပြုလိုက်သည်။သူမပါဘဲကောင်း ကောင်းလုပ်ခဲ့နိုင်တာပဲ။

"အခြားကောင်တွေရော"

"ဒဏ်ရာသိပ်မများပါဘူးသူဌေး ဒီတစ်
ခေါက် ဝူချန်းတို့ရောက်မလာနိုင်တာ
သူဌေးဘယ်လိုများသိတာလဲ"

ဒီတစ်ခေါက်ပစ္စည်းလှဲလှယ်တဲ့ကိစ္စမှာ
ဝူချန်းတို့မနှောင့်ယှက်နိုင်ဘူးလို့သူဌေးက
ပြောခဲ့ပြီး ဂျိတ်ကိုဦးဆောင်စေကာလွှတ်
လိုက်ခြင်းဖြစ်၏။တကယ်ပဲဝူချန်းတို့
ရောက်မလာတာကြောင့်ဂျိတ်လည်းအမေးရှိလိုက်မိ၏။ပုံမှန်ဆိုဝူချန်းတို့နဲ့
လုပ်ငန်းတူသည့်အပြင် ဝမ်နဲ့လည်းရန်စ
များရှိ၍ အမြဲလိုလိုတိုက်ခိုက်နေကျလေ။

"အဲ့ဒီကောင် ငါ့ကိုအာရုံမစိုက်နိုင်သေးဘူး"

"ဟင်...သူဌေးဝူက boss ကိုပဲအမြဲအာရုံ
စိုက်နေတာကြီးကို"

lazy က နားမလည်စွာနှင့်အမေးရှိလာ၏။

"ဟက်...ယန် က alex ကိစ္စကိုဝူချန်းတို့
အိမ်ကလုပ်တယ်ထင်​နေတာ အခုချိန်မှာ
သူတို့ချင်းအားပြိုင်နေမှာ ငါတို့ကိုအာရုံ
ထားနိုင်မှာ မဟုတ်ဘူး"

"ဟီး...ဒါဆိုကျွန်တော်တို့အလုပ်ကောင်း
ကောင်းလုပ်လို့ရပြီပေါ့ မနက်ဖြန် ဂျာမန်
တွေနဲ့တွေ့မယ့်ကိစ္စ ကျွန်တော်သွားမယ်နော် Boss...ဒါပေမယ့်ပျင်းစရာကြီး"

အတိုက်ခိုင်အသတ်ပုတ်မပါဘဲလမ်းက
ဖြောင့်နေတော့ lazy သိပ်ဘဝင်မကျပုံပင်။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now