Part...23

3.1K 256 60
                                    

ရိပေါ်ကဒေါသထွက်နေသည့်ကြားမှာ
ပြစရာရှိသည်ဟုအတင်းပြောကာလက်ဆွဲ
ခေါ်နေသည့်လူကြောင့် မျက်မှောင်ကုတ်လျက် အနောက်မှလိုက်သွားမိစဥ် အစွန်
ဆုံးအခန်းမှာ ရုတ်တရက်ပွင့်လာခဲ့သည်။
ရှောင်းကျန့်ကို သူ့ကျောအနောက်ပို့လိုက်
ချိန်မှာပဲ အထဲမှထွက်လာတဲ့လူ၏တိုက်
ခိုက်ချက်က သူ့ထံသို့လျှင်မြန်စွာရောက်
လာသည်။ရှောင်တိမ်းဖို့ရာမမှီတော့သဖြင့်
လက်ဖျံကို ဓားနှင့်ဆွဲခြစ်ခြင်းခံလိုက်ရ
သည်။

ဖြာထွက်လာသည့် သွေးများကြောင့်
ရှောင်းကျန့်ကလန့်သွားပုံရသည်။
သူ့အင်္ကျီကို အတင်းဆွဲဆုပ်လာသည်။
တိုက်ခိုက်ချက်က ထပ်မံလို့ဦးတည်လာ
ပြန်လာတာကြောင့် ခြေထောက်နှင့်ထိုလူ
၏ ရင်ဘတ်ကိုကန်လိုက်ပြီးနောက် ဓားကိုင်ထားသည့်လက်ကို လိမ်ချိုးလျက်
နောက်ပြန်ချုပ်ထားလိုက်သည်။သူ့အင်္ကျီကိုအတင်းဆုပ်ကိုင်ပြီးနောက်ကျောမှာကပ်နေတဲ့ရှောင်းကျန့်ကြောင့် လှုပ်ရှားမှုများက ထင်သလောက်မသွက်။

ချုပ်ခံထားရသည့်လူက သူ့ထက် သူ့နောက်ကျောက ရှောင်းကျန့်ကိုပို၍မကျေ
နပ်ပုံရသည်။လည်လိမ်လို့စူးစိုက်ကြည့်
နေလေသည်။

"ခွပ်"

"မင်းမျက်လုံးတွေ မရှိသင့်တော့ဘူး"

မျက်နှာကိုတည်ထိုးချပြီးနောက်ဓားကို
လက်လွှဲယူကာ သူ့ပိုင်ဆိုင်မှုကို ကြည့်ရဲ
တဲ့ မျက်လုံးတည့်တည့်ကို ချိန်ရွယ်လိုက်
ချိန်မှာတော့ နောက်ပါးမှအသံထွက်လာ
သည်။

"ရိပေါ်!"

"မလုပ်နဲ့"

"ခင်ဗျားနဲ့ဒီကောင်က ဘာပတ်သတ်လို့
လာတားနေတာလဲ"

"ငါသူ့ကိုဒီမှာပိတ်ထားတာ ဘယ်လိုနိုး
လာလည်းမသိဘူး"

ဒီကောင့်ကို ရှောင်းကျန့်ကဒီအိမ်သာထဲ
မှာလာပိတ်ထားသည်ပေါ့။ဘာကြောင့်လဲ။
ဒီလိုနေရာမှာ တစ်ယောက်တည်းလှုပ်ရှား
ရဲတဲ့လူက အခုဏကသူ့အင်္ကျီကိုဆုပ်ကိုင်
ထားတာများကလေးတစ်ယောက်လိုပဲ။
ရှောင်းကျန့်ကရူးနေတာလား။

အနားတိုးလာတဲ့ ရှောင်းကျန့်ကြောင့်
ရိပေါ်လည်း ရန်သူကိုပိုတင်းကြပ်နေအောင်ချုပ်လိုက်သည်။လက်ကိုင်ပုဝါနှင့်
သူ့လက်ဖျံကခြစ်ရာကို အုပ်ပေးပြီး နားရွက်ဖျားအနားတိုးကပ်လာပြန်တာ
ကြောင့်ခေါင်းစောင်းကြည့်မိရာအလိုမကျ
ဟန်အပြည့်နဲ့ သူ့နားရွက်ဆွဲပြီးခပ်တိုးတိုး
ကပ်ပြောလာ၏။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now