Part...14

3.8K 272 44
                                    

"ဖြောင်း!"

လက်နှစ်ဖက်ကိုမြှောက်ချီခံထားရတာ
​ကြောင့်တွဲလောင်းကျနေသူ၏နရင်းကို
ရိုက်လိုက်သံမှာတိတ်ဆိတ်နေသောအခန်း
ထဲမှထွက်လာတာကြောင့် ဂျိတ်က ငိုက်မြည်းနေရမှ ကိုယ်ကိုဆတ်ခနဲမတ်​ပြီး
ကြည့်လိုက်သည်။

"သူ...သူဌေး"

ဖမ်းခေါ်လာသည့် လူကိုစစ်မေးရင်း
သန်းခေါင်ယံကျော်ချိန်ရောက်တော့
ခဏနားလိုက်မိရာ သူကသတိလင်တတ်
တဲ့လူလည်းမဟုတ်ပါဘဲနှင့် သူဌေးတစ်ယောက်လုံး အခန်းထဲဝင်လာတာသတိ
မထားခဲ့မိခဲ့။ခြေသံတိုးညှင်းညှင်းတောင်
မကြားရစေဘဲ ဝင်လာနိုင်တဲ့သူ့ရဲ့သူဌေးကိုပြုံးကာ ကြည့်လိုက်မိတော့ မျက်ခုံးပင့်ပြလာသည်ကြောင့် ခေါင်းကိုငုံ့လျှိုးလိုက်မိသည်။

ရိပေါ်ကအိတ်ကပ်ထဲစီးကရက်ကိုထုတ်ကာဖွာရှိုက်ပြီး သူနရင်းအုပ်လိုက်သည့်
လူကိုကြည့်လိုက်တော့နားထဲမှ သွေးများစီးကျနေသည်ကိုတွေ့လိုက်ရသည်။မျက်နှာပေါ်သို့ပါရောက်နေသည့်
သွေးများကိုလက်ညိုးနှင့်သဲ့ယူလိုက်ပြီး
ပြုံးလျက် ဂျိတ်အသင့်လာချပေးသည့်ခုံမှာ ခြေချိတ်ထိုင်သည်။

"သူ့ကိုယ်မှာ ရှာပြီးပြီးလား"

"ရှာပြီးပါပြီ သူဌေး ဒီဓားတစ်လက်က
လွဲဲပြီးဘာမှမတွေ့ပါဘူး"

ဂျိတ်ပေးလာသည့်ဓားကိုကြည့်မှမျက်
ခုံးအစုံမှာ မြှင့်တက်သွားသည်။

"ဟေးး...မင်းတို့ကို သူဘာကြောင့်လွှတ်
လိုက်တာလဲ"

"အာ့!"

"မ..လုပ်ပါနဲ့"

"အာ့"

"ကျွန်တော်...မသိပါဘူး"

ဂျိတ်၏လက်သီးချက်များကြားမှာတောင်
ငြင်းနေသူကြောင့် ရိပေါ်ကမျက်ခုံးတန်း
များကိုပင့်လျှက် ထရပ်လာပြီးလက်ထဲက
ဓားနှင့် ထိုလူ၏ပါးကိုခြစ်ချလိုက်သည်။
စီးကျသည့်သွေးများကိုကြည့်ရင်း  နောက်
ထပ်သော သူ့ဦးတည်ချက်ကရင်ဘတ်ပေါ်
ကိုသာဖြစ်၏။ခပ်နက်နက်ထိုးစိုက်ရင်း
အ​​မြှောင်းလိုက်လှီးချလိုက်ချိန်မှာတော့
နာကျင်စွာအော်ညည်းသံနဲ့အတူ ဝန်ခံသံ
ကိုလည်း ကြားလိုက်ရ၏။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now