Part...12

3.7K 272 50
                                    

"ဒီမိန်းကလေးကို သိလား"

ရှောင်းကျန့် က ကော်ဖီဆိုင်တစ်ဆိုင်ထဲ
အလောအလျှင်ဝင်သွားပြီး cashier ရှိ
မိန်းကလေးအား သူ့ဖုန်းထဲဓာတ်ပုံတစ်ပုံ
ကို ထုတ်ပြပြီး အမေးရှိသည်။

"သူကအလုပ်ထွက်သွားတာကြာပြီရှင့်"

"ဘာကြောင့်ထွက်သွားတာလဲ"

"ရှင်"

"ဘာကြောင့်ထွက်သွားတာလဲလို့မေးနေ
တာလေ"

"ရှေ့ကလူ မမှာရင်ဖယ်ပေးတော့ စကား ပြောချင်အပြင်ထွက်​ပြော"

ရှောင်းကျန့် အနောက်မှာရှိနေတဲ့လူက
အပြင်ထွက်ဖို့ပြောလာရုံနှင့် အားမရသေး
ဘဲ ပခုံးကိုတွန်းဖယ်လာတာကြောင့်လူကယိုင်သွားသည်။စိတ်ကပေါက်လာ၍ ရင်
ဘတ်မှ အင်္ကျီစကိုဆွဲဆုပ်လိုက်တော့
ဝန်ထမ်းများက အနားသို့ပြေးရောက်လာ
ကြပြီး လူချင်းခွာစေပြီးသည်နှင့် သူ့ကို
ဆိုင်အပြင်ဆွဲထုတ်လာသည်။

"လူကြီးမင်းပြောတဲ့ မိန်းကလေးက
အလုပ်ထွက်သွားတာကြာပါပြီ ကျွန်မတို့
နဲ့ မဆိုင်တော့ဘူး လုပ်ငန်းခွင်မှာနှောင့်
ယှက်ခြင်းမပြုပါနဲ့"

ရန်စောင်ရန်ပြင်လိုက်ပေမယ့်ခါးကိုကိုင်း
ညွှန့်လို့ အရိုသေပေးလာသည်ကြောင့်
ကျစ်သပ်ရင်းသာ ဆိုင်အရှေ့မှထွက်လာ
ခဲ့သည်။ဖုန်းထဲ မိန်းကလေးကိုကြည့်ရင်း
​သက်ပြင်းရှိုက်ချပြီး ကားလမ်းမကြီး
ပေါ်ကိုမျက်နှာမူလို့ ပလပ်ဖောင်းပေါ်မှာ
သာ ထိုင်ချလိုက်သည်။

ဒီမိန်းကလေး က alex အိမ်ကနေတွေ့ခဲ့
တဲ့ဖိုင်တွဲထဲက မိန်းကလေးတစ်ယောက်။
ဆယ်ယောက်ထက်မနည်းတဲ့ မိန်းကလေးများထဲမှ ဒီမိန်းကလေးကို သူမျက်မှန်း
တန်းမိတာကြောင့် စဥ်းစားမိရာကော်ဖီ
ဆိုင်မှာဆုံဖူးမှန်း သတိရသွားတာသဖြင့်
လာရောက်မေးမြန်းခဲ့ရာ ဘာဆိုဘာမှမသိ
ရတဲ့အပြင် မောင်းထုတ်ပင်ခံလိုက်ရသေး
၏။ရိပေါ်များသိရင်တော့ လှောင်ရယ်နေ
လောက်လေပြီ။

"အရေးမပါတာကွာ"

"လမ်းပေါ်မှ ထိုင်မနေနဲ့ ထလာခဲ့"

အသံနဲ့အတူ သူ့မျက်စိရှေ့ရောက်လာ
သည့် ပြောင်လက်နေတဲ့ဖိနပ်ကြောင့်
မော့ကြည့်စရာမလိုပါဘဲ ဝမ်ရိပေါ်မှန်း
သိလိုက်ပြီဖြစ်၍ မျက်နှာကိုမဲ့ပစ်သည်။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now