Part...22

4K 254 63
                                    

တနေကုန်အခန်းကျယ်ကြီးထဲမှာ ပိတ်ထား
ခံရပြီး ကုန်ဆုံးသွားပြန်ပြီဖြစ်တာကြောင့်
ရှောင်းကျန့်က နည်းနည်းလေးမှ အလိုမကျပါ။သုန်မှုန်နေပြီး ဖုန်းကိုကြည့်လျှက်
တတောက်တောက်နဲ့ စာရိုက်နေရင်းမှ
တဖက်ကပြောလာသည့်စကား​​ကြောင့်
မျက်ခုံးအစုံမှာ ပင့်တက်သွားသည်။
နောက်ထပ်ပို့လာတဲ့စာကြောင်းကြောင့်
နှုတ်ကနေတောင်အော်မိသည်အထိပင်။

"လုဝေ!"

ပထမမေးခွန်းက 'မင်း​ယောက်ျားကချောမှာပေါ့နော်' နှင့် ဒုတိယမေခွန်းကတော့
'အိပ်ယာပေါ်မှာရော အရမ်းဆွဲဆောင်မှု
ရှိလား' ဆိုသည့် အတွင်းကျကျမေးခွန်း
မျိုးကို လုဝေ က မေးလာခြင်းဖြစ်၏။

"မင်းရူးနေလား"

"ဘာတွေလျှောက်မေးနေတာလဲ"

ခပ်မြန်မြန်ပဲ typing ရိုက်ပို့လိုက်သည်။

"မင်းနဲ့ငါက အပြင်မှာမမြင်ဖူးကြပေမယ့်
ရင်းနှီးနေကြပြီလေ အဲ့တာကြောင့်မေးတာ
ဟီးဟီး"

"ယောက်ျားယူရတာကောင်းလား sean
ကောင်းရင် ငါလည်းယူမလို့"

လုဝေဆိုတဲ့ကောင်ကိုသူတော်တော်လေး
သတ်ပစ်ချင်နေပါပြီ။ငါ့မှာယောက်ျားမရှိ
ဘူးလို့ခံငြင်းရအောင်လည်း လုဝေ က
မယုံ။ ရှိသလိုပြောရအောင်လည်း ဝမ်ရိပေါ်ကို သူမှယောက်ျားမတော်ချင်ဘဲ။

"ကျစ်! စိတ်ရှုပ်စရာကွာ"

တစ်ကိုယ်တည်းညည်းညူမိတုန်းလုဝေ
ထံမှာ'sean ပြန်​ဖြေအုံးလေ' ဆိုသည့်စာ
မှာ ဆယ်စောင်ထက်မနည်းဝင်လာခဲ့၏။

ဒီလောက်တောင်ဖြစ်လှတာ...။

"အေ...ယောကျာ်းယူရတာအရမ်းကောင်း
တယ် မင်းယူလိုက်တော့!"

စိတ်ပေါက်ပေါက်နှင့်စာရိုက်ကာပို့လိုက်ပြီး
ဖုန်းကိုလည်း ပိတ်ချကာ အိစက်နေသည့်
ခေါင်းအုံးများအကြား မျက်နှာကိုတိုးဝှေ့
လို့ ငြိမ်နေလိုက်သည်။တစ်ချက်တစ်ချက်တိုလာသည့်စိတ်ကြောင့်လည်း လက်သီး
ဆုပ်နှင့် မွေ့ယာကို ထုရိုက်နေလေသည်။

"ရှောင်းကျန့်"

"သေရာကပြန်လာပြီလား"

ရိပေါ်အသံကြားသည်နှင့် ကုန်းထပြီး
ရရာခေါင်းအုံးနဲ့ပစ်ပေါက်ကာ ကြမ်းတမ်း
သော စကားကိုဆိုမိသည်။ရိပေါ်ကတော့
ခေါင်းအုံးကို အရင်ကလိုဖမ်းယူခြင်းမရှိ
ဘဲထိမှန်လျက်တိုင်းထားပြီး မျက်နှာသေ
နှင့် ရေချိုးခန်းထဲသို့တန်းဝင်သွားသည်။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now