Part...20

3.6K 260 57
                                    

မီးခိုးတိုင်အလား ဆေးလိပ်ထိုင်ဖွာနေတဲ့
ရိပေါ်ကိုကြည့်ရင်း ရှောင်းကျန့်ကတဟွတ်
ဟွတ်နှင့် ချောင်းဆိုးနေသည်။ရိပေါ်က တော့ သူ့ချောင်းဆိုးသံကိုလျစ်လျူရှုကာ တလိပ်ပြီးတလိပ် သောက်နေတာများ
ပြာခံခွက်ထဲဆေးလိပ်တိုများပြည့်လို့
နေပြီဖြစ်၏။ရန်မဖြစ်ချင်တာကြောင့်
တစ်ချိန်လုံးသီးခံနေခဲ့ပေမယ့် တခန်းလုံးအခိုးငွေ့များပြည့်နှက်လာပြီဖြစ်တာ
ကြောင့်သူလည်းဆက်ပြီးသည်းမခံနိုင်တော့ပါ။လေပူတစ်ချက်မှုတ်ထုတ်ရင်း
ကုတင်ပေါ်မှ ဆင်းကာဆိုဖာမှာ ထိုင်နေတဲ့ရိပေါ်အနားသို့ ခပ်သွက်သွက်လျှောက်သွားလိုက်သည်။

"သက်ဆိုးရှည်နေတဲ့ကောင်"

"ငါ့ကိုအဲ့ဒီဆေးလိပ်ပေး"

ရိပေါ်နှုတ်ခမ်းမှာခဲထားတဲ့ဆေးလိပ်ကို
ဆတ်ခနဲဆွဲယူကာ စားပွဲပေါ်ကဝီစကီခွက်
ထဲထိုးခြေလိုက်တော့ ကျစ်စုပ်သံကိုကြာ
လိုက်ရသည်။

ကြားရမှာပေါ့...ဝီစကီကိုပါသောက်လို့
မရအောင်လုပ်ပစ်လိုက်တာလေ။

အခန်းထဲ လေဝင်အောင်ပြတင်းပေါက်
ကိုဖွင့်လိုက်ပြီး ရိပေါ်ဘေးတွင်လူတစ်ယောက်စာ ခြားလို့ ဝင်ထိုင်လိုက်ပြီး
လှန်နှောကြည့်နေတဲ့ဖိုင်ကို အသာခိုးကြည့်လိုက်စဥ်မြင်လိုက်ရတဲ့အရာကြောင့်နှုတ်ခမ်းတွန့်ပစ်သည်။နှုတ်ကလည်း
မနေနိုင်စွာထုတ်ပြောမိလေ၏။

"မင်းသ​ည်းကြီးမဲကြီးကြည့်နေတာ
ရောင်းစားခံရတော့မယ့် မိန်းကလေး
တွေရဲ့ပုံတွေပေါ့"

"ဘယ်လိုလည်း မင်းအကြိုက်ကိုတွေ့ရဲ့လား"

"ခင်ဗျားလောက်မှ ဆွဲဆောင်မှုမရှိတာ"

ပြန်​ပြောလာတဲ့စကားကြောင့် နေရခက်
ပြန်တာလည်း သူပါပဲ။

"မင်းတကယ်ပဲ ထိုက်ကျီနဲ့ပေါင်းလိုက်ပြီပေါ့"

"မင်းတစ်မနက်လုံး စာပို့နေတဲ့ကောင်လေးက ဘယ်သူတဲ့လဲ"

"ခင်ဗျားလျှာကိုဖြတ်ထားလိုက်ရင်
ကောင်းမလား"

ခလုတ်ဓားကိုဆတ်ခနဲနှိပ်ပြီးထွက်လာတဲ့
ပါးလျနေတဲ့ဓားပါးကို သူ့နှုတ်ခမ်းအနား
​ချိန်ရွယ်ကာပြောလာတော့ ​လက်ကိုပုတ်
ထုတ်ပစ်လိုက်သည်။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now