Part...13

3.9K 282 48
                                    

ကြယ်မှုန်ကြယ်မွှားလေးတွေပြည့်နှက်နေ
တဲ့ကောင်းကင်ကြီးရဲ့ အလှတရားကို
ကြည့်ကာ လက်ထဲကဝိုင်နီခွက်ကိုအသာ
လှုပ်ခတ်ရင်း ရပ်နေမိ၏။ရိပေါ်နဲ့အတူ
လိုက်ခဲ့ရသည့် ပါတီပွဲကစိတ်ရှုပ်စရာ
ကောင်းသလို ယန်ပိုင်ချွမ်းနဲ့မျက်နှာချင်း
ဆိုင်တွေ့ရမှာရှက်ရွံမိခြင်းကြောင့်အခုလို
လူရှင်းသည့်နေရာမှ တစ်ကိုယ်တည်းလာ
ရပ်နေမိခြင်းဖြစ်၏။ယန်ချင်းကတော့
အောက်ထပ်ကိုပင်ဆင်းမလာတာကြောင့်
သူ့ကိုတော်တော်လေး စိတ်ဆိုးစိတ်နာနေ
မှန်းရိပ်မိပါ၏။

"ဟူး"

"ဘာတွေသက်ပြင်းချနေတာလဲ"

"မေးရဲသေးတယ်နော်ရိပေါ်"

"ဟား...ဟား"

ကုတ်ဖဲ့ချင်စရာမျက်နှာဘေးနဲ့ရယ်နေတဲ့
ရိပေါ်ကိုကြည့်မရလွန်းတာကြောင့် မျက်
နှာလွှဲလိုက်ရာ ချက်ချင်းပဲလက်မောင်းကို
ဆွဲကာ မျက်နှာချင်းဆိုင်ပြန်လှည့်စေ၏။

"ကျုပ်ကိုပဲကြည့်ရမယ်"

"မင်းဘယ်လိုဖြစ်နေလဲ"

"ခင်ဗျားဒီနေ့အရမ်းလှတယ်"

ခါးကိုဆွဲဖက်လာပြီးပြောလာသည့်စကား
ကြောင့်ရင်ဘတ်ကိုတွန်းမိပေမယ့်ပြန်
မလွှတ်ပေးဘဲ ခါးသိမ်ကိုသာကျိုးကြေ
လုမတတ်ဖက်ထားလေသည်။

ရိပေါ်ကတော့ရှောင်းကျန့်ကိုသာမျက်
တောင်မခတ်တမ်းစိုက်ကြည့်ရင်းနှုတ်ခမ်း
တစ်စုံကလည်း ပြုံးယောင်သန်းနေသည်။
အနီရောင်စတိုင်လ်ပန်နဲ့ခပ်ပွပွအောက်ခံ
အင်္ကျီအပေါ် အပေါ်ထပ် ထပ်ဝတ်ထားပုံ
ကလူငယ်ဆန်သောအသွင်ကိုပေါ်လွင်နေ
သည်။လည်ပင်းအကျနက်သောအောက်ခံအင်္ကျီကြောင့် ညိုညက်ညက်အတွင်းသားများ ၏အလှတရားဟာသူ့ကိုဆွဲဆောင်လွန်းနေသလို ပါတီရှိလူအများကိုလည်းဆွဲဆောင်နိုင်ပုံရ၏။ရှောင်းကျန့်ကိုသာ
ကြည့်နေကြသည်။

"ဘဝင်မကျလိုက်တာ"

"အာ့..ဘာလုပ်တာလဲ"

"ငြိမ်​ငြိမ်နေ"

"လူတွေနဲ့လေ"

"ကျုပ်အပိုင်ကို ကျုပ်နမ်းတာဘယ်ကောင့်
ကိုဂရုစိုက်နေမှာလဲ"

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now