Part...11

3.6K 238 29
                                    

ရိပေါ်ရဲ့အာရုံတွေက ရှေ့မှာရှိနေတဲ့
မူခင်းသိပ္ပံဆေးရုံကြီးဆီမှသာရောက်နေ
ပြီး လေ့လာရင်းပင် ကားပေါ်မှဆင်းလာ
ကာ ဂျိတ်ကိုလက်ဟန်နှင့် အနောက်မှာစောင့်နေရန် အချက်ပြလိုက်သည်။
ဂျိတ်က တွေဝေနေသော မျက်လုံးများနှင့် ကြည့်နေပြီး သူနဲ့လိုက်ချင်နေဟန်ရှိတာကြောင့် ခေါင်းသာခါပြလိုက်သည်။ ဆေးရုံထဲကိုတန်းဝင်သွားပြီးနောက် alex အမှုကိုတာဝန်ယူ ထားသည့် အမှု့စစ်ဆရာဝန်မလေးနှင့် ပေါ်ပေါ်ထင်ထင်ပဲ တွေ့ဆုံလိုက်သည်။

"ဝမ်"

"ရီယာ alex ရဲ့ dead body ကို ကျုပ်
ကြည့်ချင်တယ်"

"မနက်ကပဲ လူကြီးယန်ရဲ့တပည့်တွေ
ရောက်လာခဲ့သေးတယ်"

ထိုစကားကိုတော့ ရီယာက အသံကိုနှိပ်
လျှက်ပြောလာသည်။လူကြီးမင်းယန်
ဆိုတာ မြို့​တော်ဝန်တစ်ယောက်လေ။
ဂုဏ်သရေရှိလူကြီးမင်းတစ်ယောက်က
မှောင်ခိုလုပ်ငန်းပေါင်းများစွာလုပ်နေတဲ့
alex ဆိုသူသေဆုံးသွားတဲ့အမှု့ကို ကိုယ်
တိုင်ပါဝင်လှုပ်ရှားလာတယ်ဆိုတဲ့သတင်း
သာ ပေါက်ကြားသွားရင် ကောင်းတာတွေ
ဖြစ်လာမှာ မဟုတ်သလို သူမအတွက်
အသက်အာမခံချက်လည်း ပျောက်ဆုံး
သွားနိုင်သည်မဟုတ်ပါလား။

"အခု ကျုပ်လာတယ်ဆိုတာ ရီယာ
မပြောဘဲနေပေးမလား"

"သေချာတာပေါ့ မပြောပါဘူး ဘယ်သူမှကို"

"အိုခေ ကျုပ်ပြန်သွားရင် ရီယာရဲ့bank
acc ထဲဝင်ကြည့်လိုက်ပါအုံး"

ရီယာကပြုံးရင်းခေါင်းငြိမ့်လာပြီးသူ့ကို
ရင်ခွဲရုံဘက်သို့ခေါ်ဆောင်သွားသည်။
ရီယာကသူတို့အကြောင်းသိထားသလို
သူတို့အားလုံး၏ဘက်တော်သားလို့ဆိုရ
လောက်သည်။ ရီယာ့မှာ သူမကိုးကွယ်တဲ့
သခင်အစစ်အမှန်မရှိသလို ငွေအနောက်ကိုသာလိုက်ပြီး ဘဝကို ခပ်ပေါ့ပေါ့ဖြတ်
သန်းနေသော အမှုစစ်မလေးတစ်ယောက်
ဖြစ်ပေသည်။

Alex ၏ dead body ကိုထုတ်ပြီးသည်
နှင့် သေဆုံးခဲ့သည့် အ​ခြေအနေများကို
သူ့ကိုတင်ပြနေသည်။သက်သေခံ ပစ္စည်းက ကျဥ်ဆံမှလွှဲ၍ အခြားရှိမနေတာကြောင့် ရိပေါ်လည်း ကျေနပ်သွားသည်။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now