Part...29

2.7K 239 58
                                    

ရှောင်းကျန့်က ငိုထားသည့်အရှိန်ကြောင့်
အားအင်ကုန်ခမ်းနေသလို ခံစားနေရ
သဖြင့် တွဲခိုနေသေးသည့် မျက်ရည်စ
များကို ဖိသုတ်လိုက်ပြီး မီးဖိုချောင်ထဲ
သို့ဝင်လာခဲ့သည်။ရေခဲသေတ္တာအပုလေး
ကိုဖွင့်ကာ ကိုယ်ကိုကိုင်းညွှန့်လို့ စားစရာ
တစ်ခုခုရှာကြည့်ပေမယ့် ဒိတ်လွန်နေ
သည့်ဒိန်ချဥ်ဘူးလေးတစ်ဘူးသာတွေ့
ရသည်ကြောင့် စိတ်ပျက်စွာနှင့် ကျစ်သပ်
သည်။

"ဗိုက်ဆာလိုက်တာ"

ညည်းညူရင်းအပြင်ဘက်ကရိပေါ်ကို
အသာချောင်းကြည့်လိုက်တော့ ကားကို
မှီလျက် ဆေးလိပ်အသောက်မပျက်ပေ။

"ဟ...ဒီကောင်ဘယ်နှလိပ်တောင်သောက်
နေတာလဲ"

"ငါနဲ့ ဘာဆိုင်တာကျလို့"

သူ့ရဲ့ဂျိုစောင်းလေးကိုသူဖွဖွထုလိုက်ပြီး
အနွေးထည်တစ်ထည်ကောက်စွပ်ကာ
တစ်ခုခုဝယ်ရန် အပြင်သို့ထွက်လာခဲ့၏။
သူအိမ်ထဲက ထွက်လာတာမြင်သည်နှင့်
ရိပေါ်ကိုယ်မှာ မတ်ခနဲဖြစ်သွားသည်ကို
ကြည့်ရင်း ခိုးပြုံးမိလိုက်၏။ တဖန်သူ့
အနောက်လိုက်ရန်ခြေလှမ်းပြင်နေသူအား
ဆတ်ခနဲလှည့်ကြည့်လျက်...

"နေခဲ့!"

"လိုက်မှာ"

"နေခဲ့ပါဆို ငါ့နောက်မလိုက်နဲ့"

"ကျုပ်ကလိုက်မှာ"

"ဗိုက်ဆာလို့ ဒီနားပဲဆို မင်းနဲ့တွဲမသွားချင်
ဘူးနေခဲ့"

အနည်းငယ်ကျယ်သောအသံနှင့်ပြော
လိုက်တော့ မျက်ခုံးတစ်ချက်ပင့်ကြည့်
လာပြီး ပါးစောင်ကိုလျှာနှင့်ထိုးလျက်
ခြေနှစ်လှမ်းနောက်ဆုတ်သွားသည်။
ဘာဖြစ်သွားတာလဲ မမေးချင်တာကြောင့်
ရှေ့ဆက်လျှောက်လာမိရာ ဝမ်ရိပေါ်ဆို
တဲ့ကောင်က သူ့အနောက်မှခပ်ခွာခွာမှ
ပါလာခဲ့သည်။

"အပိုကောင် မလိုက်တာလည်းမဟုတ်
ဘဲနဲ့"

ခပ်တိုးတိုးရေရွတ်ရင်း လူခြေတိတ်နေ
တဲ့ ပတ်ဝန်းကျင်ကြီးကိုတစ်ချက်ကြည့်
ပြီးနောက် သူ့ဘေးမှာခပ်လှမ်းလှမ်းမှာ
လရောင်ကြောင့် ထင်ဟပ်နေသည့်အရိပ်
ကို ကြည့်မိသည်။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now