Part...15

4.5K 260 63
                                    

ကားပေါ်ဆွဲတင်ပြီး ခေါ်သွားခြင်းခံလိုက်
ရပြီဖြစ်တဲ့ရှောင်းကျန့်ကြောင့် ရိပေါ်တစ်
ကိုယ်လုံးရှိသွေးများ ပွက်ပွက်ဆူလာပြီး
သူ့ရှေ့ထိုးရပ်လာသည့် ကားပေါ်သို့တက်
လိုက်သည်။ဂျိတ်ကတရှိန်ထိုးမောင်းထွက်
လာပြီး နောက်ထပ်သော ကားနှစ်စီးကို
လည်း လိုက်လာရန်အချက်ပြနေသည်။
ရိပေါ်ကတော့ သေနတ်မောင်းကိုဇက်ခနဲ
ချိန်လိုက်ပြီး ဂျိတ်၏ကားမောင်းကျွမ်း
ကျင်မှုကြောင့် မှီခါနီးစဲစဲကားကို ပစ်ရန်
ကားမှန်မှ ကိုယ်တစ်ပိုင်းထွက်ကြည့်၏။
သို့သော်သေနတ်မောင်းကိုမဆွဲဖြစ်ဘဲ
ကားထဲသို့ပြန်ဝင်လာတာကြောင့် ဂျိတ်
အပါအဝင် နောက်ကားမှတပည့်များက
လည်းပစ်ခါနီးမှကိုယ်ရှိန်ကိုတော်တော်
လေးသပ်ယူလိုက်ရသည်။

"ဆရာ...ကျွန်တော်တို့ပစ်ခတ်မှုစတင်
တော့မလား"

ဂျိတ်၏စကားပြောစက်မှထွက်လာသည့်
အသံကြောင့် ရိပေါ်က ဂနာမငြိမ်နိုင်ဖြစ်နေရာမှရှေ့ခန်းသို့ကျော်လာကာ ဆွဲလုလာ၏။

"မပစ်နဲ့!"

"အဲ့ဒီကားထဲမှာ ငါ့လူပါတယ်"

"သူကတဇွတ်ထိုးဆန်တယ် ဘာလုပ်မလဲ
ခန့်မှန်းလို့မရဘူး"

တစ်ဖက်ကားထဲက တပည့်များကတော့
စကားပြောစက်မှလွင့်လာသည့် သူတို့
သူဌေး၏ စိုးရိမ်မှုတို့ပြည့်နေသောအသံ
ကြောင့် ကိုယ်စီကိုင်ထားကြသောသေနတ်
များနှင့်ပါးစပ်အုပ်ကာ ရယ်လိုက်မိကြပြီး
စိတ်ထဲတွင်လည်း သူဌေးဝမ်၏လူကို
အန္တရာယ်မဖြစ်အောင် ဂရုတစိုက်လှုပ်
ရှားရမည်ဟု တွေးလိုက်ကြလေသည်။

ဂျိတ် ရှေ့ကားကို မှီအောင်မောင်းနှင်နေ
တုန်းဦးစွာပစ်ခတ်လာသည့်လူများကြောင့် ရိပေါ်က တောက်ခတ်ရင်းရှေ့ခုံ၏အမှီကို
လက်သီးနှင့်အားကုန်ထိုးလျှက်တောက်ခတ်နေသည်။

"အကုန်လုံးကို အမှုန့်ခြေပစ်မယ်"

"ကျွန်တော်တို့ ခုခံဖို့လိုမယ် သူဌေး"

"တောက်ခ်!"

"အဲ့ဒီလူ ငါ့စကားကိုနားမထောင်ဘူး"

"သူဌေး အလိုလိုက်ထားလို့ပါ"

ဂျိတ်လည်းမီးလောင်ရာလေပင့်တယ်ပဲ
ဆိုဆို​ အခွင့်ရေးရတုန်းပြောချလိုက်ပြီး
သူဌေးကိုခိုးကြည့်လိုက်တော့ အံတကြိတ်
ကြိတ်နှင့် ခေါင်းငြိမ့်နေ၏။

𝐒𝐮𝐫𝐯𝐢𝐯𝐞 𝐚𝐧𝐝 𝐎𝐛𝐞𝐲 𝐔𝐧𝐝𝐞𝐫 𝐌𝐲 𝐆𝐮𝐧Where stories live. Discover now