"ဟေ့ ဘရို အစောကြီးရောက်လာတယ်ပေါ့"
Clubထဲကို ၀င်လာတဲ့ Mingyuကို ကြိုရောက်နှင့်နေတဲ့ Minghaoက လက်ထဲက ၀ိုင်ခွက်ကို မြှောက်ပြရင်း နှုတ်ဆက်လိုက်တယ်။ Mingyuက ခပ်ချေချေ မျက်နှာနှင့် Minghaoဘေးခုံတွင် ၀င်ထိုင်လိုက်ရင်း waiterအား လက်ညိုးထောင်ပြရင်း ပုံမှန်သောက်နေကျ တစ်ခွက်ကိုမှာလိုက်တယ်။
"အေးကွာ....အိမ်ကဟိုလူ ပြန်လာခါနီးပြီမလို့"
"မင်းအခုချိန်ထိ သူ့ကို ခွင့်မလွှတ်သေးတာလား
အကိုWonwooသနားပါတယ်ကွာ"Minghaoက ခေါင်းကိုခါရမ်းရင်း ၀ိုင်တစ်ငုံသောက်ကာ Mingyuပုခုံးကို လွှဲရိုက်လိုက်တယ်။
Mingyuကတော့ ဖာသိဖာသာနဲ့ပဲ မျက်နှာတစ်ချက်မပြတ် မှာထားတဲ့ ခွက်ကိုသာ သောက်ရင်း clubထဲကို ဝေ့ကြည့်နေတယ်။"ဟေ့ကောင် Mingyu အကိုWonwooကို ခွင့်လွှတ်ပေးလိုက်ပါကွာ ငါတကယ် သနားလာပြီ သူ့ခမျာ အပြင်မှာသာ မာထန်နေတာ မင်းအရှေ့ရောက်ရင် မျက်နှာက မိုးပြိုမလိုပဲနော်"
"ဟင်းးးး ငါလည်းတစ်ချိန်က အဲ့လိုဖြစ်ခဲ့ဖူးတဲ့ကောင်ပါကွာ ဒါပေမယ့် စေတနာတွေက အသွားပဲရှိပြီး အပြန်မရှိလာတော့ သူ့၀ဋ်သူခံရတာပဲပေါ့
ငါတော့ အဲ့လူကို မပြေငြိမ်းပေးနိုင်ဘူး ငါ့မိသားစုနဲ့ ငါ့အပေါ် လုပ်ရက်ခဲ့တာ""အင်းပါကွာ ငါလည်းကြားလူဆိုတော့ သိပ်မပြောချင်ပါဘူး အချိန်မလွန်ခင် နောင်တမရအောင် ပြောပြရုံပါ"
"နေပါကွာ အဲ့ကိစ္စတွေဖြစ်ပြီးကတည်းက သူ့အပေါ် ငါ့အချစ်တွေက အဆုံးသတ်ပြီမလို့ နောင်တဆိုတဲ့အရာက အခုလည်းမရှိသလို နောင်လည်းရှိလာမှာ မဟုတ်ဘူး"
"အေးအေး အမုန်းမင်းသားကြီးရဲ့ မပြောတော့ဘူးကွာ နေချင်သလိုသာနေတော့ မင်းစိတ်ပဲ"
သူတို့နှစ်ယောက် စကားပြောနေတုန်း တစ်ဖက်၀ိုင်းက မိန်းကလေး တစ်ယောက်က Mingyuကို ကြည့်နေတာကို Mingyuရိပ်မိသွားတယ်။Mingyuလည်း စိတ်ပြေလက်ပျောက် ဖြစ်သွားအောင် ထိုမိန်းကလေးနဲ့ ခဏတာ ကစားရန် ထွက်လာခဲ့လိုက်တယ်။ Minghaoကတော့ တစ်ယောက်ထဲ ကျန်ခဲ့တာပေါ့။
