ညနေ ကျောင်းသားဟောင်း တွေ့ဆုံပွဲတွင်...
Mingyuနဲ့ Myunghoတို့ ချိန်းထားတဲ့ ၀က်သားကင်ဆိုင်တွင် စောရောက်နေကာ တစ်ဖြည်းဖြည်းနဲ့ အတန်းဖော်တွေ ရောက်လာကြတယ်။ ပွဲစပြီးသည်အထိ Wonwooရောက်မလာသေးပေ။ နာရီ၀က်ခန့်ကြာပြီးနောက် ဆိုင်တံခါးဖွင့်သံ ကြားလိုက်ရပြီး Wonwoo၀င်လာတာကို တွေ့လိုက်ရတယ်။
"အားလုံး နောက်ကျသွားလို့ တောင်းပန်တယ်နော်"
"ရပါတယ် ဆရာ ထိပ်ဆုံးမှာ ထိုင်ပါ ဆရာ့အတွက် နေရာဖယ်ထားတာ"
ကျောင်းသားဟောင်း အုပ်စုထဲက အတန်းခေါင်းဆောင်ဖြစ်ခဲ့သည့် ကျောင်းသားက Wonwooကို နေရာပေးလေတယ်။ Wonwooထိုင်ပြီးမှ စားပွဲရဲ့ တစ်ဖက်ခြမ်း သူရှေ့တည့်တည့်မှာ ထိုင်နေတဲ့ Mingyuကို တွေ့လိုက်ရတယ်။ Mingyuက Wonwooကို တစ်ချက်သာ ကြည့်ပြီး အကြည့်လွှဲသွားကာ ဆိုဂျူကိုသာ သောက်နေလေတယ်။
ကျောင်းသားတွေကလည်း မတွေ့ရတာကြာတော့ စကားဖောင်ဖွဲ့ပြောကြကာ ဆရာဖြစ်တဲ့ Wonwooကိုလည်း ဧည့်ခံကြရင်း ဆိုဂျူအတင်း တိုက်ကြလေတယ်။ မက်ဂျူတောင် မနည်းသောက်ရတဲ့ Wonwooက အားတုံ့အားနာနဲ့ တပည့်တွေ တိုက်လို့သာ သောက်နေရရှာတယ်။ တော်တော်များလာတော့ Wonwooမခံနိုင်အောင် မူးလာတာကြောင့် Toiletကိုသွားကာ အန်ရသည်အထိပင်။
"ဆရာ တော်တော်မူးနေပြီကွ အိမ်သာထဲမှာ ထတောင်မထနိုင်ဘူး ဘယ်သူလိုက်ပို့မလဲ"
အတန်းခေါင်းဆောင်ဖြစ်ခဲ့သူက Wonwooနောက်လိုက်ကြည့်ပြီး အခြေအနေ ဆိုးနေတာကြောင့် အိမ်ပြန်ပို့ရန် လူခေါ်လေတယ်။ Mingyuကတော့ မသိသလိုနေနေတဲ့ အချိန် ဘေးက Myunghoက Mingyuလက်ကို ဆွဲမြှောက်ကာ အော်လိုက်လေတယ်။
"သူပို့လိမ့်မယ် သူ့မှာ ကားပါတယ်"
"အိုခေ Mingyu ဆရာ့ကို Toiletထဲကနေ သွားခေါ်လိုက်အုံး"
Myunghoကို စိုက်ကြည့်ပြီး အသံတိတ်ဆဲရေးကာ Toiletဘက်ကို ထသွားလိုက်လေတယ်။ Myunghoကတော့ မှိုရတဲ့ မျက်နှာပေးနဲ့ ကျန်နေခဲ့လေတယ်။
"ဒီမှာ ဟေ့ ထ...ထလေ"
Toiletထဲ အိမ်သာကိုမှီကာ မထနိုင်တဲ့သူကို လက်ကနေ လှုပ်နှိုးသော်လည်း ထမလာပေ။ မျက်မှန်ကလည်း လျှောကျနေကာ ပါးစပ်ဟပြီး အိပ်ပျော်နေတဲ့ Wonwooကို Mingyuကြည့်ကာ စုပ်သက်လိုက်မိတယ်။