နောက် ၂ရက်လောက်ကြာတော့ဒီနေ့တော့ Wonwooအလုပ်ပြန်ဆင်းရန် အားယူကာ Jisooနဲ့အတူတူ ကျောင်းသို့လာခဲ့တယ်။ အတန်းစတော့ ကျောင်းသားတွေက Wonwooစာပြန်သင်ပြီမို့ ပျော်ကာ အော်ဟစ်နေကြလေရဲ့။ အဲ့ထဲမှာမှ Mingyuကတော့ ဘာတစ်ခွန်းမှမဟပဲ Wonwooကိုသာ စိုက်ကြည့်နေတာကြောင့် Wonwooဘက်ကပဲ အတတ်နိုင်ဆုံး အကြည့်လွှဲကာ နေလိုက်တယ်။ ကျောင်းထဲမှာလည်း အတတ်နိုင်ဆုံး မဆုံမိအောင်ရှောင်နေခဲ့မိတယ်။
ညနေကျောင်းဆင်းတော့ ကျောင်းသားတွေအကုန်ပြန်ပြီးမှပဲ Jisooနဲ့တူတူ အိမ်ပြန်ခဲ့ကြတယ်။ Jisooရဲ့အိမ်က တိုက်ခန်း4လွှာဖြစ်တာကြောင့် ကားပါကင်ထိုးပြီး နှစ်ယောက်တူတူ စကားပြောရင်း ရယ်ကာ တိုက်ခန်းမြေညီထပ်ဆီ လျှောက်လာတုန်း ရပ်စောင့်နေတဲ့ Mingyuနဲ့ တိုးလေတယ်။
Mingyuက သူတို့၂ယောက်ကို မြင်တာနဲ့ အနားဆီ လျှောက်လာကာ Wonwooကို လက်ကနေဆွဲခေါ်လေတယ်။
"ကိုကို ကျွန်တော်နဲ့ စကားခဏပြောမယ် လိုက်ခဲ့"
Wonwooဘက်က ခွန်းတုံ့ပြန်ချိန်ပင် မရလိုက်ပဲ Mingyuခေါ်ရာနောက်သာ ပါသွားခဲ့တယ်။ Mingyuက လမ်းတစ်ဖက်ခြမ်းကို ဆွဲခေါ်သွားကာ လူပြတ်တဲ့ လမ်းကြားထဲ ခေါ်လာလိုက်တယ်။
"ကိုကို ဘာတွေဖြစ်နေတာလဲ ကျွန်တော့်ကိုပြော အကြောင်းရှိကို ရှိရမယ် ကျောင်းလည်း ၁ပတ်တောင်မလာဘူးဆို ကိုကို ဘာတွေလုပ်နေတာလဲ ကျွန်တော်နားမလည်တော့ဘူး ဖြေလေဗျာ"
Mingyuက Wonwooပုခုံးနှစ်ဖက်ကို ကိုင်လှုပ်ကာ မေးနေပေမယ့် မျက်မှန်အောက်က မျက်၀န်းတို့က စေ့စေ့တောင် ကြည့်မလာခဲ့ပေ။ နှုတ်ခမ်းတို့ကိုလည်း ကိုက်ခဲထားကာ ပုခုံးပေါ်က Mingyuလက်တို့ကိုသာ ဆွဲဖယ်နေခဲ့တယ်။ Mingyuက လက်တို့ကို မဖယ်ပေးတဲ့အပြင် ပိုတင်းကြပ်အောင် ဆုပ်ကိုင်လိုက်တာကြောင့် မလှုပ်နိုင်ဖြစ်သွားရကာ Mingyuမျက်လုံးတို့ကို ပြန်လည်စိုက်ကြည့်လာတယ်။"ငါမင်းကို မချစ်ခဲ့ဘူးလို့ပြောနေတယ်လေ အဲ့တာအကြောင်းအကုန်ပဲ ဒီထက် ပြောစရာမရှိဘူးခု ငါ့ကို လွှတ်"