ဒီနေ့ကတော့ Mingyuနဲ့ Wonwooတို့ရဲ့ မင်္ဂလာပွဲကို Seoul Hotelရဲ့ ခန်းမမှာ ကျင်းပလေတယ်။ Wonwooရဲ့ မိဘတွေလည်း ကြည်ကြည်ဖြူဖြူနဲ့ လာပေးကြတယ်။ Pre Weddingပုံ အကြီးကြီးကို ခန်းမရှေ့မှာ ချိတ်ထားပြီး မိဘတွေက ခန်းမရှေ့မှနေ၍ ဧည့်သည်တွေကို ကြိုဆိုလေတယ်။
Mingyuနဲ့ Wonwooကတော့ ပွဲမစသေး၍ သတို့သားအခန်းကိုယ်စီမှာ နေနေကြတယ်။ Mingyuရဲ့ သူငယ်ချင်း Myunghoနဲ့ ၀ပ်ရှော့က အလုပ်သမားလေးတွေပါ တူတူလာကာ Mingyuကို ဂုဏ်ပြုလေတယ်။
"Mingyu ဒီနေ့ အကို Wonwooသူငယ်ချင်းတွေ လာမယ်မလား"
"အင်းပေါ့ လာမှာပေါ့ ငါ ရင်တုန်နေတယ် Myunghoရာ"
နို့နှစ်ရောင် Suitကို ၀တ်ထားပြီး နက်တိုင်အနက်လေးစည်းထားတဲ့ Mingyuဟာ ဆံပင်တို့ကိုလည်း ခပ်တိုတိုညှပ်ထားတာကြောင့် မျက်နှာဟာ ရှင်းသန့်ကာ ကြည့်ကောင်းနေလေတယ်။
အရင်တစ်ခေါက်ဆောင်တုန်းကထက် ခုလုပ်သည့်ပွဲက ပိုအရေးကြီးသည်မလို့ Mingyuရင်တွေ တုန်နေလေတယ်။ Myunghoကတော့ ဘာမှမသိစွာ ပြောချင်ရာပဲ ပြောနေတော့တယ်။"ဟိုလေ အကိုWonwooကို တစ်ချက်ပြောပေး ပန်းစည်းပစ်ရင် ငါ့ဘက်ပစ်လို့ သိလား သိလားလို့"
"မသိဘူးကွာ ရင်တုန်နေရတဲ့ထဲ မင်းကတစ်မျိုး"
"မသိလို့ရမလား မင်းကျ ၂ခါတောင်ဆောင်တာ ငါလည်းယူချိန်တန်ပြီ ပန်းစည်းငါ့ဘက်ပစ်ခိုင်းကွာ"
"အေးကွာ အေးကွာ"
ရင်ပူနေရတဲ့ထဲ ဘေးကနေ ဂျီကျနေတဲ့ Myunghoကို အလိုက်သင့်လေးသာ ပြောပေးလိုက်တယ်။ Wonwooနဲ့ ၀တ်စုံတူတူ ရွေးပြီး တူတူ၀တ်ကြည့်ထားသော်လည်း ဒီနေ့ ဒီချိန်မှာ ထပ်မြင်ရမယ့် Wonwooကို Mingyuရင်ခုန်စွာ စောင့်ဆိုင်းနေမိတော့တယ်။
"မင်းတို့ကလည်း တည့်သွားတာနဲ့ မင်္ဂလာဆောင်တာ ဆိုင်လည်းမဆိုင်ဘူး ကြားထဲက ငါက ၂ခါကုန်တယ်"
"မင်းကလည်း အချင်းချင်းကို"
အခန်းထဲ ၀င်၀င်လာချင်း ပွစိပွစိလုပ်နေတဲ့ Jisooကို Wonwooကြည့်ကာ ရယ်မိတယ်။ ဘေးက ပါလာတဲ့ Junhuiကတော့ ခပ်အေးအေးပင်။
Wonwooကလည်း နို့နှစ်ရောင်suitကို ဖဲပြားလေးနဲ့ ၀တ်ဆင်ထားကာ ရှည်နေပြီဖြစ်တဲ့ ဆံပင်တွေကို mulletပုံစံညှပ်ထားလေတယ်။ မျက်နှာရှင်းရှင်းလေးဟာ ရှေ့ဆံပင်ရှည်တွေကို အလယ်ခွဲထားပြီး မျက်မှန်လေးနဲ့ ကြည့်လို့ ကောင်းနေသည်ပင်။ လက်ထဲမှာလည်း အဖြူရောင် နှင်းဆီပန်းစည်းလေးကို ကိုင်ထားလေတယ်။