8

831 85 2
                                    

Mingyuဆေးရုံတက်ပြီး တစ်လအကြာ....

       Mingyuရဲ့ accidentဖြစ်အောင် ဖန်တီးခဲ့တဲ့ Baek Dominနဲ့ သူ့လူတွေကတော့ ပြန်လည်ချေပစရာမရှိပဲ ထောင်၃လစီ ကျသွားခဲ့တယ်။

        ခေါင်းကပတ်တီးဖြည်ပြီး ခြေထောက်ကတော့ နောက်လေးလကြာမှ ဖြည်ရမှာ ဖြစ်ပေမယ့် ဆရာ၀န်က ဆေးရုံဆင်းလို့ရကြောင်း ပြောလာတာကြောင့် ဆေးရုံဆင်းရန်ပြင်ဆင်ပြီး အိမ်သို့ပြန်ခဲ့ကြတယ်။ Myunghoလည်း လာကူညီပေးပြီး Mingyuအမေကတော့ အိမ်သို့ ရောက်လာကာ ဟင်းတွေယူလာပေးလေတယ်။

       Mingyuက ဆေးရုံဆင်းခါစလည်းဖြစ်ပြီး ခြေထောက်မသက်သာသေးတာမို့ ချိုင်းထောက်ကို အမှီပြုပြီး နေရတယ်။ ခေါင်းကလည်း ပတ်တီးပဲဖြည်ရသေးတာဖြစ်ပြီး ချုပ်ရိုးမကျက်သေးတာကြောင့် ပလာစတာကပ်ထားရတုန်းပင်။

      တော်သေးသည်က Wonwooရဲ့ ကျောင်းကလည်း နွေရာသီ ပိတ်ရက် ဖြစ်တာကြောင့် Mingyuကို ဂရုစိုက်ပေးရန် အချိန်ရနေခြင်းပင်။

"သား မင်းအကိုနဲ့ အဆင်ပြေအောင်နေနော် အရင်လို အအော်အဟစ်တွေ မလုပ်နဲ့တော့ နေလည်းကောင်းသေးတာ မဟုတ်ဘူး ကြားလား"

       ဧည့်ခန်းမှာ ထိုင်နေတဲ့ Mingyuနားကို အမေဖြစ်သူ Lee Jinseoရောက်လာကာ စကားစမြည်ပြောလေတယ်။Mingyuကလည်း အမေစကားကို အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလေတယ်။

"ဟုတ်ကဲ့ပါ အမေရော ဟိုလူနဲ့ အဆင်ပြေရဲ့လား"

"ပြေပါတယ် သားရယ် သူက အမေ့အပေါ် အရမ်းကောင်းပါတယ်"

        Mingyuရဲ့ အ​ဖေဖြစ်သူKim Minseoက လွန်ခဲ့တဲ့ ၄နှစ်က accidentဖြစ်ကာ ဆုံးသွားပြီး ၁နှစ်အကြာမှာ အမေဖြစ်သူက ရည်းစားဟောင်းနဲ့ ပြန်လည် လက်ထပ်ခဲ့တာဖြစ်တယ်။ အစပိုင်းကတော့ Mingyu အမေဖြစ်သူကို တအားစိတ်ဆိုးခဲ့တာပေါ့။ ကြာတော့လည်း အမေဖြစ်သူ ပျော်နေတာကို မြင်ပြီး လက်ခံပေးခဲ့ပါတယ်။ သို့သော် ထိုသူကိုတော့ အခေါ်အပြောလုပ်သည်အထိ လက်မခံနိုင်သေးပေ။

"သား....နောက် နည်းနည်းကြာရင် အမေ သူနဲ့ သားဆီလာခဲ့လို့ရမလား? သားကို ပြောပြစရာလေးတွေရှိတယ်"

       ရုတ်တရက် တောင်းတောင်းဆိုဆိုပြောလာတဲ့ အမေဖြစ်သူရဲ့ စကားကြောင့် Mingyuအံ့ဩ သွားရတာတော့ အမှန်ပင်။ သို့သော်လည်း မျက်နှာအမူအရာကို ထိန်းချုပ်ကာ ပြုံးလျက်ပင် တုံ့ပြန်လိုက်တယ်။

𝚁𝚒𝚐𝚑𝚝 𝙿𝚎𝚛𝚜𝚘𝚗 𝚆𝚛𝚘𝚗𝚐 𝚃𝚒𝚖𝚎Where stories live. Discover now