နောက်တစ်နေ့ မနက်...
"သား....သား သတိရလာပြီ"
Mingyuနိုးလာတာကို မြင်တော့ အမေဖြစ်သူဟာ သားဖြစ်သူ လက်ကို ဆုပ်ကိုင်လိုက်ရင်း ငိုတယ်။
"မသေကောင်း မပျောက်ကောင်းကွယ် အမေရင်ကျိုးရတော့မလို့"
"မငိုပါနဲ့ အမေရယ် အမေ ကိုကိုရောဟင် ကိုကိုသိပြီးပြီလား"
"သားရယ် သားဒီလောက်ဖြစ်နေတာ သူ့ကို ဘာလို့မျှော်နေတာတုန်း"
အမေဖြစ်သူ စကားကြောင့် Mingyuစိတ်ထဲ လေးပင်လာကာ မျက်ရည်တို့က ကျချင်လာပြန်တယ်။
"သားလေး သတိရလာပြီလား"
ထိုစဥ် ဆေးဖိုးရှင်းကာ ပြန်လာတဲ့ အဖေဖြစ်သူကလည်း ကုတင်နားပြေးလာကာ သားကိုဖက်ထားလေတယ်။
"တော်သေးတာပေါ့ အရမ်းကြီးမထိခိုက်တာ"
"ဟုတ် ဖေဖေ"
Kim Minseoတစ်ယောက် သားဖြစ်သူကို ဖက်ထားရင်း ထိုကိစ္စတွေကို ဘယ်လိုရှင်းရမလဲပင် မသိလောက်အောင် ခေါင်းတွေ ရှုပ်နေတယ်။
မိန်းမနဲ့ သားဖြစ်သူကို သူ့အကြွေးကိစ္စနဲ့ Wonwooကိစ္စကို လုံး၀ အသိမပေးထားပေ။"ဖေဖေ သားကို လုပ်တဲ့သူတွေ ဖမ်းမိလားဟင်"
"အဲ့..အဲ့တာက အဲ့နားတစ်၀ိုက်က cctvတွေ ပျက်နေလို့ ဖမ်းမိဖို့ မလွယ်ဘူးတဲ့သားရယ်"
ထိုစကားကို ကြားတာနဲ့ မျက်နှာညိုးငယ်သွားတဲ့ သားဖြစ်သူကို ကြည့်ကာ စိတ်ထဲ လုံး၀မကောင်းပေ။ အကောင်းဆုံးအလိမ်အညာနဲ့ ဖြေရှင်းလိုက်တာက ယခုလက်ရှိအတွက် အဆင်ပြေနိုင်မည်သာ ဖြစ်လေတယ်။
နေ့လည်ရောက်တော့ Mingyuကို အမေဖြစ်သူက နေ့လည်စာအတွက် ဆန်ပြုတ်ပြင်ဆင်ကာ ယူလာလေတယ်။
"သားလေး ဆန်ပြုတ်သောက်မယ် သားအကြိုက် ပုစွန်လေးနဲ့ ပြုတ်လာတာ"
"ဟုတ် မေမေ ဒါနဲ့ သားphရောဟင်"
"အော် lockerထဲမှာ ထင်တယ် အမေယူပေးမယ်"
အမေဖြစ်သူက ဆန်ပြုတ်ကိုပြင်နေရင်းနဲ့ အခန်းထဲမှာရှိတဲ့ lockerထဲမှ phကို ယူပေးလိုက်တယ်။phကိုကြည့်လိုက်တော့ ပါ၀ါပိတ်နေတာကြောင့် ဖွင့်လိုက်တော့ Wonwooဘက်က အ၀င်callများစွာကို တွေ့လိုက်ရလေတယ်။ Mingyuလည်း ချက်ချင်း Wonwooဆီကို phဆက်လိုက်တယ်။ ဒီတစ်ခါတော့ Wonwooဘက်က phကိုင်လာတယ်။