10

1K 84 5
                                    

3ရက်ခန့်ကြာပြီးနောက်......

      ဒီနေ့ကတော့ Wonwooတစ်ယောက် အဖေနဲ့ အတူတူ companyနှစ်ပတ်လည်ပွဲ သွားရမယ့်နေ့ ဖြစ်တယ်။

       Wonwooအဖေနဲ့ Mingyuအဖေတို့ စပ်တူshareနဲ့ ဖွင့်ထားခဲ့တဲ့ companyဖြစ်တယ်။ စားသောက်ကုန်ထုတ်တဲ့ companyဖြစ်ပြီး ရောင်းအားတက်လာတဲ့ တစ်ချိန်မှာ companyရဲ့ shareတွေလည်း ထိုးတက်သွားပြီး အတော်လေး အောင်မြင်လာခဲ့တာပေါ့။ အခုဆို အခြားရင်းနှီးမြှုပ်နှံသူတွေပါ များလာခဲ့ပြီး အတော်လေး အဆင်ပြေလာခဲ့လေတယ်။ အခုဆို Companyရဲ့ သက်တမ်းဟာ 8နှစ်ရှိပြီ ဖြစ်ပြီး 8နှစ်ပြည့် နှစ်ပတ်လည်ပွဲကို Seoul Hotelမှာ ကျင်းပမှာ ဖြစ်တယ်။

      ပွဲချိန်က ညနေ၆နာရီမှာ ပြုလုပ်မှာ ဖြစ်တာကြောင့် Wonwoo အလုပ်ကနေ ပြန်ရောက်တာနဲ့
ရေချိုးကာ စီစဥ်ပေးထားတဲ့ suitအဖြူရောင် ၀မ်းဆက်ကို rolexနာရီနဲ့ အတူ ၀တ်ဆင်လိုက်ကာ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးသင်လိုက်တယ်။ ၀တ်စုံနဲ့လိုက်အောင် shoeအဖြူရောင်လေးကိုပါ တွဲ၍ ၀တ်ဆင်လိုက်ပြီး မျက်မှန်တပ်လိုက်တယ်။

    အောက်ထပ်ရောက်တော့ အဖေဖြစ်သူ Jeon Woo Youngက ပြင်ဆင်လို့ ပြီးပြီ ဖြစ်တာကြောင့် သားအဖနှစ်ယောက် တူတူ ထွက်ခဲ့ကြတယ်။

   
"အော် သားဖနှစ်ယောက် တူတူသွားကြမှာလား"

    

"ဟုတ်တယ်ဗျ....ဒါနဲ့ Mingyuတို့ သားအမိရော အဆင်ပြေတယ်တဲ့လား"

"အေး....ပြေပါတယ် အဖွားဆုံးတာဆိုတော့လည်း သားကတော့ အတော်ငိုနေတယ် ပြောတယ်"

       အဖေနှစ်ယောက် ပြောနေတဲ့ စကားကြောင့် Wonwooလည်း Mingyuအတွက် စိတ်မကောင်း ဖြစ်သွားရတယ်။ မနေ့ကမှ Mingyuကျောင်းပြန်ရောက်ရောက်ချင်း အမေဖြစ်သူ၏ မိခင် ဆုံးပါးသွားသည်ဆိုတဲ့ သတင်းကြားရတာကြောင့် Mingyuနဲ့ အမေဖြစ်သူက ညတွင်းချင်း နယ်ဘက်ကို သွားကြတယ်လေ။

       Mingyuအဖေကလည်း Companyရဲ့ ရှယ်ယာရှင်တစ်ဦး ဖြစ်တာကြောင့် နှစ်ပတ်လည်ပွဲသို့ မဖြစ်မနေတက်ရမည်ဆိုသော အကြောင်းကြောင့်သာ Seoulမှာကျန်ခဲ့ပြီး Wonwooတို့ သားအဖနဲ့အတူ ပွဲသွားရန် ရောက်လာခြင်းပင်။တူတူသွားကြမည် ဆိုပေမယ့် Mingyuအဖေ Kim Minseoက ကားသပ်သပ် Wonwooတို့ သားအဖက သပ်သပ်ဖြစ်လေတယ်။

𝚁𝚒𝚐𝚑𝚝 𝙿𝚎𝚛𝚜𝚘𝚗 𝚆𝚛𝚘𝚗𝚐 𝚃𝚒𝚖𝚎Where stories live. Discover now