ဒီနေ့တော့ Wonwoo အလုပ်ပိတ်သည့်ရက် ဖြစ်တာကြောင့် Mingyuက Campingကား ငှားကာ ကမ်းခြေဘက် short tripလေးထွက်ရန် စီစဥ်ထားလေတယ်။
Mingyuက Tshirtအပေါ်ကနေ shirtလက်တိုနှင့် Jean short pantကို တွဲ၀တ်ထားပြီး ဦးထုပ်ဆောင်းထားကာ နေကာမျက်မှန် တပ်ထားသေးတယ်။ ယူရမယ့် ပစ္စည်းအိိတ်တွေကို ငှားထားတဲ့ Campingကားရဲ့ နောက်ဖုံးထဲထည့်နေတုန်း Wonwoo အိမ်ထဲကနေ ထွက်လာတယ်။Wonwooကလည်း ကာကီရောင် Jean short pantလေးနဲ့ Tshirt အညိုရောင် ခပ်ပွပွကို တွဲ၀တ်ထားပြီး bucket hatလေး ဆောင်းထားသေးတယ်။
"Minရေ သွားကြမယ်"
"ဟာ ကိုကို ၀တ်ထားတာ ချစ်စရာလေး ခေါ်သွားရမှာ စိတ်တောင် မချတော့ဘူး"
"အမယ်လေးး...အပိုတွေပြောပြီ သွားမယ်"
Mingyuနဲ့ Wonwooတို့ ကားပေါ် တက်ကြပြီး ခရီးစတင် ထွက်ခွာလာခဲ့ကြတယ်။ အနီးနားမှာရှိတဲ့ ပင်လယ်ကို သွားတာမလို့ ၁နာရီခွဲလောက်သာ မောင်းခဲ့ရတယ်။
ကမ်းခြေရောက်တော့ အရိပ်ရှိတဲ့နားမှာ ကားကို ရပ်ပြီး ပစ္စည်းတွေ နေရာချကာ ကားရှေ့အမိုးထုတ်ပြီး ခုံနှစ်လုံးနဲ့ စားပွဲလေးပါ ခင်းလိုက်တယ်။ အစစအရာရာ အားလုံးကို Mingyuကပဲ လုပ်ပြီး Wonwooမှာ လက်ဖျားလေးပင် မလှုပ်လိုက်ရပေ။
"ကိုကို ဒီမှာထိုင်နေ"
"ဘာတွေလုပ်အုံးမလို့လဲ ပင်လယ်ကြည့်ကြမယ်လေ"
"ပင်လယ်ကြည့်ရင်း အစားလေးရော စားရမှာပေါ့ ကျွန်တော် ပြင်လာတယ် ခနပဲစောင့်"
Wonwooကို ခုံမှာထိုင်စေလိုက်ပြီး ကားထဲ ပြန်၀င်သွားကာ ice boxတစ်လုံး မလာလေတယ်။ ထပ်ပြီး မုန့်ထုပ်အချို့ပါတဲ့ ခြင်းလေးတစ်ခု ယူလာကာ စားပွဲပေါ် တင်လိုက်တယ်။
"ဝိုးးးး တော်လှချည်လား Kim Mingyu"
"တော်ရင် အာဘွားပေးလေ မောင်လို့ခေါ်ပါဆိုကွာ"
"ခေါ်ရ မခေါ်ရ စဥ်းစားပေးမယ်လေ ခုတော့ မဟုတ်သေးဘူး ဟားးဟားးးး"
Wonwooက ice boxထဲက အအေးတစ်ဘူး ယူကာ ဖောက်သောက်ရင်း Mingyuကို ကလိကလိဖြစ်အောင် စလိုက်သေးတယ်။