လွန်ခဲ့သော ၄နှစ်ခန့်.....
"ကိုကိုရေ ကိုကို ကျွန်တော်လာပြီနော်"
Wonwooတို့ အိမ်ရှေ့အပေါက်၀ဆီကနေ အော်သံပေးကာ အိမ်ထဲပြေး၀င်လာတဲ့ Mingyu...။
အိမ်ထဲရောက်တော့ Wonwooအမေက မီးဖိုချောင်ထဲမှ ထွက်လာကာ Mingyuကို နှုတ်ဆက်လေတယ်။
"အော် Mingyuလေးတောင် ရောက်လာပြီပဲ သားရေ မြန်မြန်ပြင်ပြီး ဆင်းလာတော့ ညီလေးရောက်နေပြီ"
"အာ အန်တီ ကျွန်တော် ကို့ကို့အခန်းဆီပဲ တန်းသွားလိုက်မယ်နော်"
"အေးကွယ် သဘော တက်သွားလိုက် သားအကိုက ပြင်တာဆင်တာ အရမ်းကြာတယ်"
Mingyuလည်း လွယ်ထားတဲ့ ကျောပိုးအိတ်မှ ကြိုးကို ခပ်တင်းတင်းဆုပ်ရင်း Wonwooအခန်းဆီ တက်လာခဲ့လိုက်တယ်။
အခန်းရှေ့ရောက်တော့ တံခါးခေါက်ပြီးမှ အသံပေးကာ ၀င်သွားလိုက်တယ်။"ကိုကို ကျွန်တော်၀င်လာပါပြီ"
"အင်း ၀င်လာခဲ့Mingyuရေ"
Mingyu အခန်းထဲရောက်တော့ အင်္ကျီ၀တ်နေတဲ့ Wonwooက ပြုံးပြကာ နှုတ်ဆက်လေတယ်။အင်္ကျီ၀တ်လို့ပြီးတော့ မတ်တတ်ရပ်နေတဲ့ Mingyuကို ခုတင်မှာ ထိုင်ရန် လက်အမူအရာနဲ့ ပြကာ ပြောလိုက်တယ်။
"Minလေး အဲ့မှာ ခနထိုင်အုံး ကိုကို ယူစရာတွေ ရှိသေးလို့နော်"
"ဟုတ် ကိုကို"
"အင်း....လိမ္မာတယ်"
Wonwooစကားကို နားထောင်ကာ ခုတင်စွန်းမှာ ထိုင်နေတဲ့ Mingyuရဲ့ ခေါင်းအား တစ်ချက်ပွတ်ကာ အလုပ်အတွက် လိုအပ်နေတဲ့ ပစ္စည်းတစ်ချို့ကို အိတ်ထဲထည့်နေလေတယ်။
Wonwooလုပ်သမျှကို အနောက်ကနေ ကြည့်ပြီး ပြုံးနေတဲ့ Mingyu..။ Mingyuနဲ့ Wonwooတို့ မိသားစုနှစ်စုက အရင်ထဲက ခင်မင်လာတဲ့ အသိမိတ်ဆွေတွေပေါ့။ Wonwooတို့မိသားစုကတော့ Wonwoo အထက်တန်းအရွယ်မှ Mingyuတို့အနီးနားကို ပြန်လည် ပြောင်းရွှေ့လာခဲ့တာ အခုဆို Wonwooဘွဲ့ရလို့ အလုပ်လုပ်တဲ့ အရွယ်ပင် ရောက်လေပြီ။Mingyuအဖေနဲ့ Wonwooအဖေတို့ စပ်တူshareနဲ့ Companyအသေးလေးတစ်ခုကို ထောင်ထားတာကနေ အောင်မြင်ခဲ့တာကြောင့် မိသားစု၂ခုလုံးက စီးပွားရေးက အတော်လေး အဆင်ပြေလေတယ်။ Wonwooကတော့ လက်ရှိမှာ သူ့အမေဘက်က သူ့အဖွားပိုင်တဲ့ ကျောင်းမှာ အလုပ်လုပ်မှာဖြစ်ပြီး Mingyuကတော့ ထိုကျောင်းမှာ အထက်တန်းနောက်ဆုံးနှစ် အသက် 19အရွယ် ကျောင်းသားလေးပေါ့။
