"Mingyu ဒီနေ့ ကားပြိုင်ပွဲရှိတယ်တဲ့ သိပြီးပြီလား"Mingyuပြင်နေတဲ့ ကားကို တံတောင်ဖြင့်မှီရင်း ပြောလာသော Minghaoကြောင့် ကား၀မ်းဗိုက်အောက်မှ Mingyuက အံ့ဩတဲ့ အမူအရာနဲ့ ထွက်လာလေတယ်။ လက်ထဲမှာလည်းကားပြင်တဲ့ ဂွတစ်ချို့နဲ့အတူ လက်နှင့် မျက်နှာတို့တွင်လည်း ကားဆီတို့ ပေရေကာနေတယ်။ အနက်ရောင် စွပ်ကျယ်ကို ၀တ်ဆင်ထားတဲ့ သူ့ကိုယ်ထည်က ပေရေပြီး ချွေးစိုနေတာတောင် ကြည့်လို့ ကောင်းနေဆဲပင်။
"ဘယ်ကွင်းမှာတဲ့လဲ? ဟိုကောင်တွေရော ပါမှာတဲ့လား"
"အရင်ကွင်းပဲ အချိန်ကလည်း ပုံမှန် ည၁၀နာရီပဲ
ဟိုကောင်တွေအုပ်စုက ထုံးစံအတိုင်း မင်းကို အနိုင်ပိုင်းမှာတဲ့နော်"လက်ပိုက်ကာ မျက်နှာမဲ့၍ ပြောလာတဲ့ Minghaoအပြောကို Mingyuကြည့်ကာ ရယ်လိုက်မိတယ်။
"မင်း ငါ့ဘက်သာ လောင်းလိုက်တော့ သားကြီး
ဒီညတော့ ငွေရွှင်ပြီသာမှတ် ဟားးဟားးး"ကိရိယာတန်ဆာပလာတို့ ထည့်ထားတဲ့ boxကို ကားအောက်မှ ဆွဲယူကာ ထိုနေရာမှ ထရင်း ညစ်ပေနေတာတွေ ဆေးကြောရန် ဘေစင်ရှိရာဘက်သို့ ထွက်သွားလေတယ်။
"အေး.....ပြီးမှ မဟုတ်ကြည့် မင်းအသေပဲနော်"
Minghaoက ခပ်ပြုံးပြုံးနဲ့ အနောက်ကနေ လှမ်းစနေသေးတယ်။ Mingyuနဲ့ Minghaoက အထက်တန်းပြီး တက္ကသိုလ် ဆက်မတက်ဖြစ်ကြပဲ ၂နှစ်ခန့်ကြာတော့ စပ်တူ shareဖြင့် ကား၀ပ်လျှော့ ဖွင့်ခဲ့ကြတယ်။ ကားနဲ့ ပတ်သတ်ပြီး ငယ်ငယ်တည်းက ၀ါသနာ ပါသောကြောင့် အရမ်းမသင်လိုက်ရပဲ ကားပြင်တာကို တတ်ကျွမ်းခဲ့တာကြောင့် ခုဆိုလျှင် အတော်အသင့်ပင် ကျွမ်းကျင်နေလေပြီ။ စဖွင့်ချင်းကတော့ ၂ယောက်တည်း စခဲ့ရပေမယ့် ခုဆို ဆိုင်မှာ ၀န်ထမ်း၆ယောက်လောက်တော့ ခေါ်ထားနိုင်သည်အထိ ဖြစ်လာခဲ့တယ်။
ညနေ၆နာရီရောက်တော့ ဆိုင်သိမ်းကာ ၂ယောက်အတူတူ ထမင်းစားရန် ထွက်လာခဲ့ကြတယ်။"ငါ ဆိုင်တစ်ဆိုင် သိထားတယ် အဲ့ဆိုင်က ခုတလော နာမည်ကြီးနေတာ ကိုရီးယားစာရော တရုတ်စာရော ရတယ်တဲ့"
![](https://img.wattpad.com/cover/365859374-288-k483710.jpg)