လွန်ခဲ့သော 4နှစ်က.....
Wonwooနဲ့ Mingyuတို့ အချင်းချင်း ၀န်ခံခဲ့ကြပြီးနောက် မိဘတွေ မသိအောင် တွဲခဲ့ကြတယ်။ ကျောင်းကလူတွေလည်း မသိအောင် ကျောင်းမှာဆိုလည်း အခေါ်အပြော မရှိပဲ အိမ်နဲ့ ပြင်ပမှာသာ dateဖြစ်ကြတယ်။ သိတဲ့သူကလည်း Mingyuသူငယ်ချင်းနဲ့ Wonwooသူငယ်ချင်းတို့သာ သိလေတယ်။
တစ်အိမ်ထဲတူတူ နေနေကြဆဲဖြစ််ပေမယ့် မိဘတွေ သတိမထားမိအောင်နေရတာက အနည်းငယ်တော့ ကသိကအောက် ဖြစ်ရတယ်ပေါ့။
"ဟေ့...ဟေ့ကောင်လေးးး အမေတို့ မြင်သွားမယ် အတင်း မဖက်နဲ့"
ကျောင်းပိတ်ရက်မို့ မနက် အေးဆေးမှ ထလာကာ ကော်ဖီဖျော်နေတဲ့ Wonwooကို အနောက်ကနေ ရောက်လာတဲ့ Mingyuက ဖက်လိုက်တာကြောင့် လန့်သွားတဲ့ Wonwooက ခါးမှာရစ်သိုင်းနေတဲ့ လက်တို့ကို ဆွဲဖယ်ရင်း ပြောလိုက်တယ်။
24နှစ် ရှိပြီဖြစ်တဲ့ Wonwooထက် 20ပြည့်ခါနီးကောင်လေး Mingyuက အရပ် ပို၍ပင် ရှည်လေတယ်။ အိပ်ယာထကာစမို့ pajamaအား ၀တ်ဆင်ထားကာ ပွယောင်းယောင်းဖြစ်နေတဲ့ Wonwooရဲ့ ဆံပင်တို့ကို ပုံကျအောင် Mingyuက သေချာ ပြန်ပြင်ပေးနေလေတယ်။
"မနက် အိပ်ယာထတိုင်း ကလေးကျနေတာပဲ ကိုကိုက ဟီးးဟီးးးးး"
ဖျော်လို့ပြီးတဲ့ ကော်ဖီကို သောက်နေရင်း Mingyuနဲ့ မျက်နှာချင်းဆိုင်ဘက် ပြန်လှည့်လိုက်ကာ Mingyuရဲ့ လက်မောင်းကို ရိုက်လိုက်တယ်။
"Minက ကိုကို့ကိုပဲ ပြောရတယ် ရှိသေး ကိုယ့်ပုံစံ ကိုယ်ပြန်ကြည့်အုံး ပေစုတ်စုတ်နဲ့"
"အဲ့ပေစုတ်စုတ်ကို ကိုကိုပဲ ချစ်နေတာ မဟုတ်ဘူးလား ဟဲ ဟဲ"
ပြောလည်းပြော လက်တို့ကလည်း Mingyuခါးကို ဆွဲဖက်ကာ နှုတ်ခမ်းကို ရွတ်ခနဲ နမ်းလိုက်တော့ Wonwooခမျာ မျက်လုံး ပြူးသွားရတယ်။ Wonwooဖြစ်ပုံကို ကြည့်ပြီး Mingyuက ရယ်နေသေးတယ်။
"Minကကွာ ဘယ်လိုဖြစ်"
"အဟင်းးးး ကော်ဖီဖျော်တာ ကောင်းသားပဲ
ဒါနဲ့....ဒီနေ့ dateပေးမယ်လို့ ကိုကို ပြောထားတာနော်"
