ရုတ်တရက်ထိတွေ့လိုက်ရတဲ့ နှုတ်ခမ်းကြောင့် လန့်သွားတဲ့ Wonwooဟာ ခနလေးအတွင်းမှာပင် Mingyuရဲ့ ရင်ဘတ်ကိုတွန်းဖယ်ကာ လူချင်းခွာပစ်လိုက်တယ်။Mingyuလည်း ရုတ်တရက်မို့ကြောင်သွားကာ တွန်းလိုက်တဲ့ အရှိန်ကြောင့် အနောက်သို့ အနည်းငယ် ယိုင်သွားရတယ်။
"ကိုကို.... ကျွန်တော်ကလေ အဲ့လို သဘောမဟုတ်...."
"ဟို Mingyu...ကိုကို အပြင်ခနသွားအုံးမယ် လမ်းထိပ်တင် စာ..စာသေချာကျက်နော်"
အဆက်အစပ်မရှိတဲ့ စကားတို့ကိုပြောကာ ခုံတွင်ချိတ်ထားတဲ့ အနွေးထည်ကိုယူကာ ပြေးထွက်သွားတဲ့ Wonwooကို ငေးကြည့်ရင်း ကျန်နေခဲ့တဲ့ Mingyu။ သူစိတ်လောသွားတာကြောင့် ကိုကိုများ စိတ်ဆိုးသွားပြီလား ဆိုတဲ့ အတွေးတို့နဲ့ အတူ စာလည်းမကျက်နိုင်ပဲ အခန်းထဲမှာ ထိုင်လိုက် ထလိုက်ဖြင့် အငြိမ်မနေနိုင်ပေ။ Wonwooသာ သူ့ကိုမခေါ်ချင် မတွေ့ချင်တော့ဟုသာ ပြောလာလျှင် သူဘယ်လိုလုပ်ရမလဲ။ အတွေးများစွာနှင့်သာ နစ်မြောရင်း စာကျက်ဖို့ကိုပါ မေ့သွားသည်အထိပင်။
တစ်ဖက်တွင်တော့.....
"Jisooရေ.....sos sosအခြေအနေပဲ အခု ချက်ချင်းလာခဲ့ ငါ့လမ်းထိပ်က Mini martမှာ ခုလာခဲ့"
phပြောပြီးပြီးချင်း ဘီယာ၃ဘူးနှင့် မုန့်ထုပ်အချို့ကို ငွေရှင်းလိုက်ကာ ဆိုင်ရှေ့က ခုံမှာထိုင်ကာ သောက်ရင်းနဲ့ Jisooကို စောင့်နေလိုက်တယ်။
သိပ်မကြာလိုက် အနွေးထည်ထူထူ၀တ်ကာ ပြေးလာနေတဲ့ Jisooရောက်လာတယ်။ ရောက်တာနဲ့ Wonwooဘေးခုံမှာ ၀င်ထိုင်လိုက်ကာ ချထားတဲ့ ဘီယာဘူးထဲက တစ်ဘူးကို ဖောက်ကာ တစ်ကျိုက်မော့လိုက်တယ်။
"ကဲ...ဘာဖြစ်တာလဲ မဖြစ်တာကြာတဲ့ sosအခြေအနေပဲနော် ထူးထူးဆန်းဆန်း ဘာလဲ Mingyuက မင်းကိုကြိုက်လို့တဲ့လား"
Jisooစကားကြောင့် ကင်းမွန်ခြောက်ကြော် ၀ါးနေတဲ့ Wonwooခမျာ ပြောစရာပင် မရှိအောင် စွံ့အသွားရတယ်။
"ရားး...Hong Jisoo မင်း နတ်ဆရာ လုပ်ပါလား မင်းဘာလို့ ပြောလိုက်တိုင်း မှန်နေရတာလဲ"