6

1.6K 131 2
                                    

Ring....ring.....ring.......

         
         ညအချိန်မတော် ၀င်လာသော Phအသံကြောင့် အိပ်နေတဲ့ Wonwooခမျာ လန့်နိုးသွားရတယ်။ မြည်နေတဲ့ phကို ယူကြည့်မိတော့ နံပါတ်အစိမ်းဖြစ်နေတယ်။ အကြောင်းရှိလို့ ဆက်တာပဲနေမှာဟု တွေးကာ ချက်ချင်းပဲ ကိုင်လိုက်တယ်။

"hello....ဘယ်သူလဲမသိ.."

"အကိုWonwooလား ကျွန်တော် Minghaoပါ Mingyuသူငယ်ချင်း"

"အင်း Minghao ဘာကိစ္စရှိလို့လဲမသိဘူးး"

"Mingyuလေ ကားပြိုင်ပွဲမှာ accidentဖြစ်လို့ အခုSeoulဆေးရုံကို အမြန်လာခဲ့ပေးပါ "

  

         တစ်ဖက်က Minghaoရဲ့ စကားတွေကို ကြားလိုက်ရတော့ လူက ရင်ထဲ ဒိန်းခနဲပင်။ လူက ရုတ်တရက်မို့ ကြောင်သွားပေမယ့် သတိပြန်ကပ်ကာ မျက်မှန်တပ်လိုက်ပြီး ပိုက်ဆံအိတ်နဲ့ ကားသော့ကို ဆွဲယူကာ အမြန်သာ ထွက်လာခဲ့လိုက်လေတယ်။

ဆေးရုံရောက်တော့.......

   
      အရေးပေါ်ခန်းရဲ့ ခွဲစိတ်ခန်းရှေ့မှာ စောင့်နေတဲ့ Minghaoဆီ Wonwooအပြေးသွားလိုက်တယ်။

"Minghaoရေ......Mingyuရော ဘယ် ဘယ်မှာလဲဟင်"

"ခုနကတင် ခွဲခန်းထဲ၀င်တာအကို သူ့ သူ့ခြေထောက်ကို ထိမိတာ မျက်နှာတွေမှာရော..."

        ငိုပြီးပြောလာတဲ့ Minghaoကို ကျောအားပွတ်ကာ နှစ်သိမ့်ပေးနေရင်းနဲ့ Wowoo ကိုယ့်ကိုယ်ကို မငိုမိအောင် ထိန်းထားရတယ်။ ဘာတွေဘယ်လိုဖြစ်လို့ accidentဖြစ်လဲဆိုတာကိုတော့ Mingyuခွဲခန်းကထွက်လာမှပဲ Minghaoကို မေးရန် ဆုံးဖြတ်လိုက်တယ်။ ရုတ်တရက် Mingyuအမေကို သတိရကာ အကြောင်းကြားရန် ပြင်လိုက်ပေမယ့် နှလုံးရောဂါရှိသူမို့ shockဖြစ်မှာစိုးကာ နောက်မှ အသိပေးရန် ထားလိုက်တယ်။ ကမန်းကတန်းထွက်လာရသည်မို့ Wonwooခမျာ အိမ်နေရင်းစီးသည့် ဖိနပ်နှင့် ဆံပင်တို့ကလည်း ရှုပ်ပွ၍ နေလေတယ်။

       Minghaoကတော့ Mingyuရဲ့accidentကို အစအဆုံးမြင်လိုက်ရသူမို့ အတော်လေးshockရနေပုံ ပေါက်နေလေတယ်။ ငိုကလည်း ငိုနေတာကြောင့် ခနလောက် လေကောင်းလေသန့်ရှုရန် သွားခိုင်းလိုက်ပြီး Wonwooတစ်ယောက်တည်း စောင့်နေလိုက်တယ်။ စိတ်ပူနေတာကြောင့် လက်ချောင်းအချင်းချင်း ပွတ်သပ်နေမိကာ  ကျလုဆဲဆဲ မျက်ရည်တို့ကို လက်ဖ၀ါးနဲ့ ပွတ်သပ်ပစ်ရင်း နှုတ်မှလည်း 'အဆင်ပြေသွားမှာပါ'
ဟုသာ တစ်ချိန်လုံး ရွတ်နေခဲ့မိတယ်။

𝚁𝚒𝚐𝚑𝚝 𝙿𝚎𝚛𝚜𝚘𝚗 𝚆𝚛𝚘𝚗𝚐 𝚃𝚒𝚖𝚎Where stories live. Discover now