ကျောင်း3လပိတ်ပြီးလို့ ကျောင်းတွေ ပြန်ဖွင့်တော့ Wonwooအလုပ်သွားနေရတာကြောင့် Mingyuအတွက် အချိန်ပင် သိပ်မပေးနိုင်တော့။ ပိတ်ရက်တွေဆိုရင်တော့ ဘယ်မှမသွားပဲ ဂရုစိုက်ပေးပါတယ်။
Mingyuရဲ့ ခြေထောက်က နောက်၁ပတ်နေမှ ပတ်တီး ဖြည်ရမည် ဖြစ်သောကြောင့် ခုချိန်ထိ အစစအရာရာ သတိထားနေရတုန်းပင်။
ဒီနေ့ကတော့ Wonwooအလုပ်ပိတ်ရက်လည်းဖြစ် နေလည်းသာတာမို့ Mingyuကို ခြံထဲခေါ်ကာ စိတ်ပေါ့ပါးအောင် လေညှင်းခံခိုင်းထားလေတယ်။ ခုံမှာထိုင်နေတဲ့ Mingyuရဲ့ ကျိုးထားတဲ့ ဘယ်ခြေထောက်ကို Wonwooက သူ့ပေါင်ပေါ်တင်ထားကာ ဆော့ပင်တစ်ချောင်းနဲ့ ပုံဆွဲရင်း အလုပ်ရှုပ်နေရှာတယ်။
"ကိုကို...မဟုတ်တာတွေ လျှောက်ဆွဲမနေနဲ့ အအေးသောက်ချင်လို့ ယူပေးအုံး"
"နေအုံး ဒါလေးဆွဲလို့ပြီးမှ ခနလေးးး"
Mingyuအပြောကို မော့တောင်ကြည့်မလာပဲ ဆော့ပင်နဲ့သာ အလုပ်ရှုပ်နေလေတယ်။"ကဲ ပြီးပြီ လှတယ်မလား"
ကျောက်ပတ်တီးပေါ်မှာ ကြောင်ပုံတွေ အပြည့်ဆွဲထားပြီး ဂုဏ်ယူနေသည့်ပုံစံနဲ့ ပြောလာတဲ့ Wonwooကို Mingyuစချင်လာတယ်။
"ဘယ်နားကလှတာ မလှပါဘူး လုံး၀မလှဘူး"
တမင်သက်သက် မလှဘူးဆိုကာ မျက်နှာရှုံ့ပြီးပြောလာတဲ့ Mingyuကို Wonwooက မကျေနပ်တဲ့ အကြည့်နဲ့ ကြည့်လာပြီး ထထွက်သွားလေတယ်။ ခနကြာတော့ အအေး၂ဘူးယူလာပြီး တစ်ဘူးကို Mingyuရှေ့က စားပွဲ၀ိုင်းလေးပေါ် ဆောင့်ခနဲချကာ သူ့ဘာသာ တစ်ဖက်လှည့်ပြီး အအေးသောက်နေလေတယ်။
"ဟေ့ အဲ့တာ ဘာရုပ်လဲ စိတ်ကောက်တဲ့ ရုပ်လား"
"ဘယ်သူက စိတ်ကောက်တယ်ပြောလဲ"
"အင်းလေ တစ်မိုးအောက် Jeon Wonwooက စိတ်ကောက်စရာလားနော်"
Mingyuလည်း Wonwooရဲ့ ဆူပုပ်နေတဲ့ မျက်နှာကို ကြည့်ပြီး အသည်းယားလာကာ ပါးလေးအား ဆွဲလိုက်မိတယ်။
"အအေးသောက်မှာသောက် ငါ့ပါးလာမကိုင်နဲ့ ဖယ်စမ်းပါ"
ပါးပေါ်ရောက်လာတဲ့ Mingyuလက်ကို Wonwooက ဆွဲဖယ်လိုက်ကာ အအေးဘူးကို ဖွင့်ပေးပြီး လက်ထဲထည့်ပေးလေတယ်။