Wonwooလည်း အခန်းပြင် ထွက်လာလိုက်ပြီး ဆေးရုံအပြင်ဘက်သို့ ထွက်လာလိုက်တယ်။ အပြင်ရောက်တော့ Mingyuအမေကို အကြောင်းကြားရန် phဆက်လိုက်တယ်။
"ဟယ်လို အန်တီ... ဟုတ် ကျွန်တော်ပါ ပြောစရာရှိလို့ပါ"
"ဟုတ်ကဲ့ အန်တီ စိတ်ငြိမ်ငြိမ်ထားနော် Mingyuဆေးရုံတက်ရလို့ပါ အသေးစိတ်ကို အန်တီရောက်မှ ရှင်းပြပါမယ် ဟုတ်.....အခုက သတိရလာပါပြီ အရင်ဆုံး seoulဆေးရုံကို လာခဲ့ပါနော် ဟုတ်ကဲ့...အန်တီ"
phပြောလို့အပြီး သက်ပြင်းတစ်ချက်ချကာ မျက်မှန်ကို ဆွဲချွတ်ရင်း မျက်လုံးတို့ကို ပွတ်သပ်မိတယ်။ ညကလည်း ကောင်းကောင်းမအိပ်ရသေးတာကြောင့် မျက်စိတို့က ပြာဝေလို့နေလေတယ်။ ခဏလောက် နားလို့ရမယ့် နေရာကိုရှာကာ ခနနားရင်း အန်တီအလာကို စောင့်နေလိုက်တယ်။
"သေနာကောင် အားနေမောင်းထုတ်နေတာ ဟိုကဖြင့် တစ်ညလုံး မအိပ်ပဲစောင့်ပေးနေတာကို နားမလည်ဘူး"
ညတုန်းက ငိုယိုနေခဲ့တဲ့ Minghaoက အခုတော့ Mingyuကို ရစရာမရှိအောင် ပြောနေလေတယ်။Mingyyအဆင်ပြေပြေ ထိုင်နိုင်ရန် နောက်ကျောဘက်ကို ခေါင်းအုံးဖြင့် ခုပေးရင်း ပွစိပွစိပြောနေလေတယ်။ Mingyuကလည်း မအီမသာ မျက်နှာနဲ့ လက်နဲ့ Myunghoလက်မောင်းကို ထုလိုက်တယ်။
"ငါဘယ်သိမလဲ.....ငါထင်တာက....သူ့ပုံစံက စိတ်ပူနေပုံ မပေါက်လို့ ကြည့်ပါလား သူ့မျက်နှာက မျက်နှာသေနဲ့"
"မင်းလင်အကြောင်း မင်းမသိဘူးလား ခုမှသိတဲ့ သူတွေလား ဟမ်....အလကားကောင် ဒီလောက်ဖြစ်နေတာတောင် စောက်ကြောကြီးနေတာ"
"အေးကွာ ဘာဖြစ်လဲ မင်းအပူလား ဘာပဲဖြစ်ဖြစ် သူက ငါ့ကိုဆို စိတ်မဆိုးတတ်ဘူး"
"အေးလေ စိတ်မဆိုးဘူးလေ စိတ်မကောင်းတာဟ စောက်ရူးရဲ့ တော်ပြီကွာ မင်းနဲ့ မပြောတော့ဘူး လေကုန်တယ်"
နိုးနိုးလာချင်း ကပ်ကပ်လန် ပြန်ပြောနေတဲ့
Mingyuကို Minghaoကပဲ လက်လျှော့ကာ ဆက်မပြောပဲ နေလိုက်တယ်။ခဏကြာတော့ ဆရာ၀န်ရောက်လာပြီး အခြေအနေ စစ်ဆေးပေးကာ ဆောင်ရန် ရှောင်ရန်တွေပြောပြလေတယ်။
