17

1.2K 102 14
                                    



လက်ရှိအခြေအနေ...

       ဒီနေ့ နေ့လည်မှာ Mingyuအမေနဲ့ သူ့ခင်ပွန်းတို့ Mingyuတို့ဆီ လာလည်ကြလေတယ်။

"အော် အန်တီတို့ ထိုင်ကြပါအုံး ကျွန်တော် Mingyuကို ခေါ်ပေးမယ်နော်"

     Wonwooလည်း အပေါ်ထပ်သွားကာ Mingyuကို တွဲခေါ်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။ အောက်ထပ်ရောက်တော့ Mingyuအမေက မီးဖိုခန်းထဲ ပါလာတဲ့ ဟင်းဘူးတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းပေးနေတယ်။ခင်ပွန်းဖြစ်သူကတော့ ဧည့်ခန်းမှာ ထိုင်နေလေတယ်။

      Wonwooလည်း Mingyuကို sofaမှာ ထိုင်စေလိုက်ပြီး မီးဖိုခန်းထဲက ထွက်လာတဲ့ Mingyuအမေကို ပြောလိုက်တယ်။

"ဟိုလေ ကျွန်တော် ကိစ္စရှိလို့ အပြင်သွားလိုက်ပါအုံးမယ် အန်တီတို့ လွတ်လွတ်လပ်လပ်နေကြနော်"

"အေးကွယ် ဂရုစိုက်သွားနော်"

"ဟုတ်ကဲ့"

        ခနနေတော့ Wonwooထွက်သွားတော့ Mingyuတို့ သားအမိတွေ စကားပြောဖြစ်ကြတယ်။

"သား အမေပြောပြစရာရှိတယ်"

"ဘာကိစ္စလဲ မေမေ"

"မင်းအဖေကလေ မသေခင်က အကြွေးတွေအများကြီး တင်နေခဲ့တာ သားဓါးထိုးခံရတာကလည်း အဲ့ကိစ္စကြောင့်ပဲ"

       မထင်ထားတဲ့ စကားတွေ ကြားလိုက်ရတော့ Mingyuတအား အံ့ဩသွားရတယ်။ Mingyuအမေက သားဖြစ်သူက အဖေကို အတော်လေး ချစ်တာကြောင့် မုန်းမသွားစေချင်၍ ထိုကိစ္စကို ဖုံးထားခဲ့ခြင်းပင်။ ဘေးမှ ခင်ပွန်းကတော့ ဘာမှ သိပ်မပြောပဲ ရှောင်ပေးသည့် သဘောနှင့် အိမ်အပြင်ဘက်သို့ ထွက်သွားတယ်။

"မေမေ ဘာတွေပြောနေတာလဲ မဟုတ်တာ ဘာလို့ အဖေက အကြွေးတွေယူရမှာလဲ"

"သူက ကုမ္ပဏီငွေတွေကို အလွဲသုံးစားလုပ်မိပြီး Kevinဆိုတဲ့သူဆီက ချည်းပြီး ကုမ္ပဏီငွေထဲ ပြန်ထည့်ခဲ့တာ အမေလည်း သူဆုံးပြီးမှ ဒါတွေသိရတာ သား သိရင် စိတ်ညစ်မှာစိုးလို့ မပြောပြခဲ့တာ"

"အဲ့တော့ အဖေအကြွေးတွေက ဘယ်လိုဆပ်လိုက်လဲ"

"အဲ့တာက ဒီလို....."

𝚁𝚒𝚐𝚑𝚝 𝙿𝚎𝚛𝚜𝚘𝚗 𝚆𝚛𝚘𝚗𝚐 𝚃𝚒𝚖𝚎Where stories live. Discover now