U+Z
"သား လေဆာတွေအားလုံးပစ်ပြီးပြီ"
ညဘက်ကြီး cctv control room မှာ သူတို့စစ်ဆေးနေတာဖြစ်ပြီး screen ကနေ အားလုံးကိုမြင်နိုင်သည်။ ကွန်ပြူတာကီးဘုတ်ကို အဆက်မပြတ်ရိုက်နှိပ်နေတဲ့ ကျွမ်းကျင်သူတစ်ယောက်က နံရံက monitor တွေကိုမော့ကြည့်ရင်း တစ်ခုခုလုပ်နေသည်။ ဓိရာဇ်က သူ့နောက်မှာဘောင်းဘီအိတ်ထဲလိုက်ထည့်ပြီး မတ်တပ်ရပ်ကာကြည့်နေ၏။ ဓိရာဇ်ဘေးမှာတော့ ဦးအောင်မြင့်ရှိနေ၏။ ခဏအကြာမှာတော့ ခြံထဲမှာတပ်ထားတဲ့ cctv တွေအားလုံးကိုမြင်ရကာ တပ်ဆင်နေတဲ့လူတွေက လက်ပြနေပြီး အထဲကချိတ်ဆက်နေသူက cctv ရပြီဖြစ်ကြောင်းကို earpiece ကတစ်ဆင့်ပြောလိုက်တော့သည်။ လေဆာပစ်ထားတာကိုလည်း မြင်နိုင်ပြီး ခြံတံခါးကိုပါ ကင်မရာပါတာတွေလဲတပ်လိုက်သည်။ အိမ်ထဲကိုလည်း ပြန်ပြင်ဆင်ပေးထားပြီး အိမ်က အသစ်လိုပြန်ဖြစ်သွား၏။
ဓိရာဇ် ပြန်ထွက်လာပြီးဒီအိမ်မှာ နေ,နေတဲ့အချိန်မှာတောင် ဓိရာဇ်က သူနေတဲ့အခန်းလောက်ပဲရှင်းထားတာ။ ကျန်တဲ့အခန်းတွေက ဒီအတိုင်း ၁၀ စုနှစ်တစ်ခုပစ်ထားတဲ့ အိမ်ကြီးကဖုန်တွေတက်နေပြီး သန့်ရှင်းရေးကို တော်တော်လုပ်လိုက်ရသည်။ အခုတော့အားလုံးမွမ်းမံပြီးလို့ ဖုန်မှုန့်တစ်စက်လေးတောင်မရှိတော့ပေ။ တစ်အိမ်လုံးက ကျွန်းတွေနဲ့ဆောက်လုပ်ထားတဲ့ အိမ်ဖြစ်ပြီး ဓိရာဇ်တို့က ဘိုးဘွားလက်ထပ်ထဲက မိသားစုပိုင်ဆိုင်မှုအရ ချမ်းသာလာခဲ့ကြတာဖြစ်သည်။ မလုပ်ပဲပစ်ထားတဲ့လုပ်ငန်းတွေလဲအများကြီးဖြစ်ကာ ဦးအောင်မြင့်ကတော့ လက်လှမ်းမှီသလောက်အားလုံးလုပ်ပေး၏။
"သားအတွက် လူထားပေးရအုန်းမလား"
"အဲ့လောက်ထိ မလိုဘူး ဦးလေး"
"စားရေး သောက်ရေးလဲ ရှိသေးတယ်။ တစ်ယောက်တော့ထားပေးချင်တယ်"
"ဦးလေးသဘော။ ဒီမှာနေအုန်းမှာမလား"
"ဒီတစ်ပတ်ကုန်အထိနေလိုက်မယ်။ ဒါနဲ့ သားရော ခြံတွေဘက်လာခဲ့အုန်းလေ။ ဘယ်တော့လာမလဲ"
"ကျွန်တော် လာခဲ့ပါမယ်။ ရက်တော့ပြောလို့မရသေးဘူး"
"ဒီလူတွေအားလုံး သားအတွက် အလုပ်လုပ်ပေးမယ့်သူတွေ။ သား လိုတာမှန်သမျှပြောလို့ရတယ်"