U+Z
"Morning! မင်းသန့်"
"ဟာ အစ်ကို၊ ရုံးတက်ပြီ"
ဓိရာဇ် မင်းသန့်ပုံစံကိုကြည့်ပြီးရယ်လိုက်သည်။ မသိရင် သူရုံးမတက်တာ ရက်တော်တော်ကြာသွားသည့်ပုံစံနှင့်ဖြစ်ကာ ပြန်တွေ့ရလို့ ဝမ်းသာနေတဲ့ပုံ။ ရယ်ပြီးတော့ သူ့ကိုလက်ဖက်သေးတာ။
"အလုပ်တွေရှုပ်နေတာ"
"အင်း ဘယ်လိုဖြစ်သွားပြီလဲ"
ရွာလူကြီးဆီက မျက်မြင်သက်သေမရဘူးသလို သူတို့ရှာဖွေနေတာလဲ ခရီးမပေါက်သလို ဖြစ်နေတာမလား။ စောရပိုင်ကိုထိန်းသိမ်းထားတာ ၄၈ နာရီပြည့်လို့ ဘာမှမပြနိုင်ရင် ပြန်လွှတ်ရတော့မှာ။ စွဲချက်တင်လို့မရပေမယ့် ဒီရွာထဲကလူငယ်၊ လူလတ်တွေသေဆုံးနေရတာ စောရပိုင်တို့လက်ချက်ဆိုတာ သူတို့အားလုံးခံစားမိနေပြီ။ အဓိက,က သက်သေရမှာ စွဲချက်တင်လို့ရမှာ။
"အဲ့ဒိကိုသွားမယ် မင်းသန့်"
"အခုလား"
"အင်း"
"ဟိုမှာ ရှာဖွေရေးလုပ်နေတာတော့ရှိတယ်"
"မင်းတို့ရှာဖွေရေးက ဒီအတိုင်းဆိုတွေ့မှာမဟုတ်တော့ဘူး"
"နေအုန်း ကျွန်တော် ခေါင်းဆောင်ကိုသွားပြောလိုက်အုန်းမယ်"
"ကားထဲက စောင့်မယ်"
မင်းသန့် ခေါင်းဆောင်ဆီပြေးပြီးပြောရသည်။ မဟုတ်ရင် သူ့ကိုဘာမှမပြောပဲလုပ်ချင်ရာလုပ်လို့ဆိုပြီး အဆူခံရအုန်းမယ်။
"ဘယ်ရောက်သွားတာလဲ"
"ဟို ကားထဲမှာစောင့်နေမယ်လို့ပြောတယ်"
ကျစ်!
ဒီကောင်နဲ့ပတ်သက်ရင် ဒီနေ့ပဲအမြဲခံနေရတာလား။ အခုလည်း အလုပ်ရောက်လာပြီး အပြင်သွားမယ်လို့ မင်းသန့်လာပြောလို့ သူ့အခြေအနေကိုလာကြည့်တာ။ ဒါကို မရှိ။ သူ့ကိုကမှားတာ။ ဒီနေ့ မင်းသန့်ကိုသွားခွင့်ပြုလိုက်တော့သည်။ ဓိရာဇ်ရဲ့အခြေအနေက စိတ်ချရသလောက်တော့ရှိနေပြီလို့ သူထင်သည်။ ဓိရာဇ်ရဲ့လုပ်ပုံကိုင်ပုံတွေက ဒီလိုကိစ္စအတွက်စမ်းမနေ။ တစ်ဖက်ကပြန်စဉ်းစားကြည့်ရင်လဲ သူ့အဖေနဲ့တုန်းက ဓိရာဇ်ရဲ့ငယ်ဘဝက ဘာတွေတောင်ဖြတ်သန်းခဲ့ရလဲမှမသိတာ။ နိုင်ငံတော်ရဲ့အရေးကြီးတဲ့ကိစ္စနဲ့ပတ်သတ်နေသူတွေရဲ့ဘဝက လွတ်လပ်ပေါ့ပါးနေတာတော့မဟုတ်။ သူတို့အိမ်တောင် ဖေဖေရဲအရာရှိလုပ်နေတဲ့အချိန်တွေမှာ နေရထိုင်ရတာ လွတ်လပ်တာမဟုတ်ဘူး။ သူတို့တောင် ဒီလိုဖြစ်နေရင် နိုင်ငံအကြံပေးအနေနဲ့ဖြတ်သန်းခဲ့ရတဲ့ ဦးအောင်ခန့်သား ဓိရာဇ်အနေနဲ့ကပိုဆိုးလောက်မှ သေချာတာထက်ပိုသည်။ အခု ဒီမှာရှိနေတဲ့ရေတိုကာလလေးမှာ ဓိရာဇ်ရဲ့လုပ်ဆောင်မှုတွေကိုမြင်ရရင် အရင်တုန်းကဖြတ်သန်းမှုကို အနည်းငယ်မြင်နိုင်သည်။