U+Z
နှစ်ဖက်မိဘစုံညီစွာ တောင်းရမ်းပွဲလုပ်နေတာဖြစ်ပြီး ဒီနေ့ရောဓိရာဇ်ရောက ခုံတစ်လုံးထဲမှာအတူထိုင်နေသည်။ နှစ်ယောက်လုံး ပုဆိုးကွက်စိပ် အစိမ်းပုတ်ရောင်နှင့်ရှပ်လက်ရှည်အဖြူကိုဝတ်ဆင်ထား၏။ သူတို့အဖွဲ့သားတွေအားလုံးလဲ ရောက်နေပြီး အားလုံးကမြန်မာဆန်ဆန်ပဲဝတ်စားထားကြသည်။ ထူးခြားတာကတော့ ဦးအောင်ခန့်ပါရောက်နေတာဖြစ်၏။
ပွဲမလုပ်ခင် မနက်စောစောထဲက ဒီနေ့က ဓိရာဇ်အိမ်ကိုရောက်နေတာဖြစ်ကာ ပုဆိုးဝတ်ပေးတာခိုင်ခံကျင့်နေတာ မနက်မိုးလင်းထဲကဖြစ်သည်။ မျက်လုံးနှစ်လုံးပွင့်ထဲက ပုဆိုးဝတ်တာကို ကြာကြာလေးခိုင်နေစေဖို့ ဝတ်ကျင့်ပေးနေတာဖြစ်ကာ တစ်မနက်လုံး သူတို့နှစ်ယောက်ထဲ အလုပ်ရှုပ်နေ၏။ တခြားသူတွေက လာရောက်သူတွေကိုဧည့်ခံကျွေးမွေးဖို့အတွက် အလုပ်ရှုပ်နေပေမယ့် သူတို့နှစ်ယောက်က ပုဆိုးကိစ္စအတွက် အလုပ်ရှုပ်နေတာဖြစ်သည်။ တစ်မနက်လုံးလဲ ဓိရာဇ်ကပုဆိုးကြီးတကားကားနှင့်ဖြစ်ကာ ဒီနေ့ ဝတ်ပေးထားသည့် ပုဆိုးက လမ်းလျှောက်နေရင်းကျွတ်သွားရင် ထိုအတိုင်းပုဆိုးစကြီးဆွဲကာ တစ်ခြံလုံးလျှောက်သွားနေတာဖြစ်၏။ ထိုနောက်ကိုလိုက်ပြီး ပုဆိုးဝတ်ပေးနေရသူကတော့ ဒီနေ့ဖြစ်၏။
လက်ရှိမှာတော့ လူကြီးတွေအားလုံးလဲစုံနေပြီဖြစ်ကာ ထိုင်နေတာကြောင့် ပုဆိုးကခိုင်နေဆဲဖြစ်သည်။ ဧည့်ခံကျွေးမွေးထားတာလဲ အလျှံပယ်ဖြစ်နေ၏။ လောလောဆယ် ဧည့်ခံထားတဲ့ အချိုပွဲများကလည်း စားပွဲတောင်မဆံ့ပေ။ နေ့လယ်စာဧည့်ခံဖို့ကိုလည်း ပင်တိုင်စားဖိုမှူးတွေက ဟင်းတွေတမယ်ပြီးတမယ် ချက်ပြုတ်နေ၏။
"မိဘတို့ရဲ့ ဝတ္တရားအတိုင်း ကျွန်တော်တို့သား ဒီနေ့မင်းလွင်နဲ့ အစ်မရဲ့ သား ဒီယောရာဇာဓိရာဇ်ကို မိသားဖသားပီပီ လာရောက်တောင်းရမ်းတာပါခင်မျ"
ဦးမင်းလွင်က စကားကိုအစချီပြောတော့သည်။ ဒေါ်သီသီအောင်ကတော့ အားလုံးကသားသဘောအတိုင်းပဲ ဖြစ်နေ၏။ သူ(မ)ကို အမေအဖြစ်အသိအမှတ်ပြုတာကိုပဲ သူ(မ)ကျေးဇူးတင်နေတာမဟုတ်လား။ သားရဲ့ဆန္ဒအတိုင်းကို သူ(မ)ကဖြည့်ဆည်းပေးရမှာပဲ။ သားနှစ်ယောက်ရဲ့တောင်းရမ်းပွဲက ပုံမှန်လုပ်ပေမယ့် ဦးအောင်ခန့် တက်ရောက်လာတာကြောင့် သတင်းမီဒီယာတွေက ရောက်လာကာခြံပြင်မှာ လူရှုပ်နေတော့သည်။
![D-Day [Complete]](https://img.wattpad.com/cover/363798874-64-k898037.jpg)