U+Z
"သား အသီးလေးလဲစားနော်"
ဓိရာဇ် အားနာရသလိုခံစားနေရ၏။ လက်ကိုလည်းဆေးထည့်ပေး ထမင်းစားတော့လဲ ထမင်းမမြင်ရပဲပန်းကန်ထဲမှာ ဟင်းတွေပုံလို့။ အခုလည်း စပျစ်သီးပန်းကန်က အလျှံပယ်ရှေ့ကိုရောက်လာပြန်သည်။
"အိမ်မှာပဲ အိပ်သွားနော်။ ဒါမှမဟုတ် လက်အရှင်းပျောက်မှပြန်ပါ့လား"
"ရတယ် အန်တီ။ ဒီညတော့အိပ်လိုက်မယ်"
သူကသာ အန်တီပြောသမျှကိုပြန်ဖြေနေပေမယ့် ဒီနေ့က အမျိုးသမီးတစ်ယောက်မေးတာကိုပဲ စိတ်ရှည်လက်ရှည်ရှင်းပြနေ၏။ ဒီနေ့ ဖေဖေကတော့ဒီအတိုင်း channel လိုင်းတစ်လိုင်းဖွင့်ထားပြီး နားထောင်နေသလား ဘာလားတော့ဓိရာဇ်မသိပေ။ ဓိရာဇ်သိတာတစ်ခုကတော့ ဒီလိုမျိုးနဲ့သိပ်မနေတတ်သလိုဖြစ်နေ၏။ ဖေဖေရှိတုန်းကလဲဖေဖေနဲ့နှစ်ယောက်ထဲ၊ ဖေဖေမရှိတော့တဲ့အချိန်အတွင်းမှာလဲတစ်ယောက်ထဲဖြတ်သန်းခဲ့တဲ့သူက သူ့ကိုဒီလိုမျိူနွေးထွေးစွာဆက်ဆံခံနေရတော့ မနေတတ်ပဲတစ်မျိုးဖြစ်နေ၏။
ဒေါ်မေနွယ်ကတော့ မိဘလည်းမရှိတော့ပဲ တစ်ယောက်ထဲနေနေရတဲ့သားရဲ့ အဖွဲ့ထဲကဒီကလေးကိုသနားနေမိသည်။ လက်မောင်းကဒါဏ်ရာကလည်း ပြုစုပေးမယ့်သူရှိမှဖြစ်မှာကို သူမက အမေတစ်ယောက်ဖြစ်နေတော့ ဒီကလေးကိုတစ်ယောက်ထဲဘယ်လိုလုပ်လွှတ်ထားနိုင်ပါ့မလဲ။ မျက်နှာလေးကတည်တည်ကြည်ကြည်လေးနဲ့ ကတုံးဆံပင်ပေါက်လေးနဲ့ဖြစ်ပြီး အနေအေးတဲ့ပုံစံလေးပေါက်သည်။
"ဒီ website တွေကအလိမ်အညာတွေ နင်သိတယ်မလား"
"ဟယ် ဟုတ်လား။ ဒီနိုင်ငံမှာလဲ အလိမ်အညာတွေပေါနေပြီလား"
"အင်း အဲ့ဒါကြောင့် ဒီလိုတွေက မမှာမိစေနဲ့"
"တော်သေးတာပေါ့။ ဒါနဲ့ ပိတ်ရက်ကဘယ်တော့လဲ။ ငါ့ကိုအပြင်လေးဘာလေးလိုက်ပို့ပါအုန်း"
"အင်း သွားချင်နေရာတွေမှတ်ထားလေ။ ဘယ်ရက်အားမလဲပြောမယ်"
ဒေါ်မေနွယ်ကတော့ သားဖြစ်သူနဲ့မြသက်ခြယ်ကိုကြည့်ကာ သဘောတကျကျဖြစ်နေ၏။ သားတို့လူငယ်ချင်း မြန်မြန်နီးစပ်သွားဖို့လဲ ရည်ရွယ်ထားသည်။ ဟိုဘက်မိဘ ဒီဘက်မိဘတွေက ကလေးတွေကိုနေရာချထားပေးချင်ပေမယ့် ကလေးတွေသဘောကိုစောင့်နေကြတာကို ဖွင့်မပြောပေမယ့် လူကြီးတွေဖြစ်တဲ့သူတို့အချင်းချင်းရိပ်မိနေကြ၏။ ကိုသတိုးတို့ဘက်ကလဲ သားကိုအလိုရှိကြောင်းအရိပ်ပြနေတာ မိဘတွေဖြစ်တဲ့သူတို့ကအတိုင်းသားမြင်နေရသည်။ အသက်အရွယ်ကလည်း အိမ်ထောင်ပြုသင့်နေတဲ့အရွယ်ဆိုတော့ သားတို့ချင်းကိုမြန်မြန်နီးစပ်ချင်နေတော့၏။