U+Z
"သေဆုံးသူက ဘာသာရေးလဲကိုင်းရှိုင်းတယ်။ အလုပ်ပိတ်ရက်တွေတိုင်းမှာ ပရဟိတသွားလုပ်တာကိုလည်း သိရပါတယ်။ ပရဟိတလုပ်တဲ့နေရာကိုလည်း ရလာပါတယ်"
မင်းသန့်က ဒီနေ့ကိုတင်ပြချက်တွေပေးရင်း ပြောပြနေတာဖြစ်သည်။ ဒီနေ့ နားထောင်နေရင်း ဓိရာဇ်ကိုကြည့်လိုက်မိ၏။ ဓိရာဇ်က သူ့ရဲ့ထုံးစံအတိုင်း ဆုံလည်ခုံကိုမှီထိုင်ကာ မျက်လုံးအောက်စိုက်ထားပြီး ဖုန်းကြည့်နေတာ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဓိရာဇ် ဘယ်မှာနေရတာတဲ့လဲ။ ဓိရာဇ်ကိုဒီအတိုင်းလွှတ်ထားမှာတော့မဟုတ်။ သူ့ကိုတစ်နေရာရာမှာ ထား,ထားတာသေချာသည်။ အခုမှ လူကြားထဲပြန်ထုတ်လာတာ ဘာကြောင့်လဲ။ အဲ့ဒိအချိန်တုန်းက ဓိရာဇ်က အသက်က ဘယ်လောက်ပဲရှိအုန်းမှာလဲ။ မိဘတွေမရှိတော့ပဲ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ အထည့်ခံထားရတာလား။
"ဟုတ်တယ် အိမ်နီးနားချင်းတွေပြောတာလဲ အလုပ်ပိတ်ရက်တိုင်း ပရဟိတသွားလုပ်တယ်လို့ပြောတယ်။ လူကြီးသူမ ရိုသေတယ်လို့ သိရတယ်"
မိုးလွင့်ဝေကပါ သူမ သိလာခဲ့ရတဲ့အကြောင်းအရာတွေကို ထပ်ပြောလိုက်သည်။ ပရဟိတသွားလုပ်တဲ့နေရာကိုတော့ သူတို့သွားစုံစမ်းဖို့ကို ခေါင်းဆောင်ရဲ့အမိန့်ကိုပြန်လာယူတာဖြစ်သည်။
"ပရဟိတ လုပ်တဲ့အသင်းအဖွဲ့ကိုစုံစမ်း၊ သူရကိုခေါ်သွား"
"ဟုတ်ကဲ့"
သူရ မိုးလွင့်ဝေနဲ့အတူ လိုက်သွားဖို့လုပ်လိုက်သည်။ မင်းသန့်ကို လူသစ်နဲ့လွှတ်ထားတာပဲ ကောင်းတယ်လို့ သူရထင်သည်။ လူသစ်နဲ့မင်းသန့်နဲ့ပဲ ကီးကိုက်တယ်လို့ သူတို့အားလုံးမြင်မိ၏။
"ကျွန်တော်တို့ cctv ရမလား လိုက်စုံစမ်းရမလား"
"ထားလိုက်အုန်း"
မင်းသန့် ကဘာလုပ်ရမလဲမေးပြီး ကိုဓိရာဇ်ကိုကြည့်မိတော့ ကိုဓိရာဇ်က ငြိမ်ထိုင်နေသည်။ ခေါင်းဆောင်က သူတို့ကိုဘာခိုင်းမှာလဲမသိ။
"ဓိရာဇ်!"
ခေါ်လိုက်မှ ဒီနေ့ကိုမျက်လုံးလှန်ကြည့်လာတဲ့ ဓိရာဇ်။
