Part 34

5.7K 307 17
                                    

U+Z

သူတို့အားလုံး သတင်းကိုပဲစောင့်မျှော်နေရသည်။ အိမ်ပြန်ရောက်ပေမယ့် စိတ်လှုပ်ရှားနေတဲ့ မြသက်။ ဒီနေ့က သူ(မ)ရှေ့မှာတင် သေနတ်မှန်သွားတာ။ ဘယ်သူပစ်လိုက်တာ။ ထို့အတူ ဦးသတိုးသည်လည်း ဘာကဘယ်လိုဖြစ်သွားလဲ မသိတော့သည်အထိ။ သူစီစဉ်ထားတဲ့အစီအစဉ်အားလုံးပျက်သည့်အပြင် ဒီနေ့မင်းလွင်ကို လုပ်ကြံသူရှိနေသည်တဲ့။ လက်ရှိမှာတော့ သတင်းဌာနတွေက မှုခင်းအရာရှိချုပ် လုပ်ကြံခံရတဲ့သတင်းနှင့် ဆေးရုံသွားစဉ် ပြန်ပေးဆွဲခံရတဲ့သတင်းတွေကို တောက်လျှောက်တင်ဆက်နေ၏။

တစ်ဖက်အိမ်မှာ‌တော့ ဒေါ်မေနွယ်သတင်းနားထောင်ရင်း လဲကျသွားတာကြောင့်ကားတွေနဲ့ရှုပ်ယှက်ခက်နေသည်။ ကျောက်မျက်ပြပွဲက live လွှင့်တင်ဆက်နေတာကြောင့် ပြပွဲတွင်းဖြစ်ပျက်သွားတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ live ထဲမှာ သေနတ်သံထွက်လာသည်နှင့် အော်ဟစ်ဆူညံသွားကာ ဒီနေ့မင်းလွင် ထိုင်နေရင်းနဲ့မှ အရုပ်ကြိုးပြတ်လဲကျသွားတာကလဲ အထင်းသားဖြစ်နေ၏။ ဒါကိုတွေ့သွားတဲ့ ဒေါ်မေနွယ်က ချက်ချင်းပင်မတ်တပ်ထရပ်ကာ မေ့လဲသွားတာဖြစ်ပြီး ဦးမင်းလွင်မှာ တစ်ယောက်ထဲ ရှုပ်ယှက်ခက်နေသည်။ အဖေတစ်ယောက်အနေနဲ့မှာသင့်တာမှာထားပေမယ့် သားစီစဉ်ထားတဲ့အစီအစဉ်က သက်ရောက်မှုကြီးမားသည်။

"ဆရာ"

ခြံစောင့်မှ သူတို့အိမ်ပေါက်ဝရောက်လာတာကြောင့် ဦးသတိုး ကြည့်လိုက်မိသည်။ ရဲအရာရှိတချို့ဖြစ်ပြီး လူဦးရေ ၅ ဦးကျော်အထိကိုမြင်ရသည်။ ဘာကြောင့်ရောက်လာတာလဲ။ ဒီနေ့မင်းလွင်ကိုရှာတွေ့ပြီလား။

"ဒီနေ့မင်းလွင်ကိုရှာတွေ့ပြီလား"

ဦးသတိုးမေးလိုက်ပြီး ထသွားလိုက်သည်။ မြသက်ခြယ်ပါ ဦးသတိုးဘေးနားကိုရောက်လာကာ သတင်းကိုစောင့်မျှော်နေ၏။ ဒီနေ့မင်းလွင်ကို လုပ်ကြံမယ့်သူရှိမှာမဟုတ်ဘူးလို့ သူတို့တထစ်ကျယုံကြည်ထားသည်။ ပြီးတော့ ဒီပွဲအတွင်းမှာလဲ သူတို့လူတွေပဲအများဆုံးရှိတာမဟုတ်ဘူးလား။ တခြားရှိတာက ဦးကျော်မြင့်ရဲ့ဟိုတယ်ဝန်ထမ်းတွေနဲ့ လုံခြုံရေးယူထားသည့် ဝန်ထမ်းတချို့။ ဒီနေ့မင်းလွင်က ဘာစပ်ဆက်မှုရှိလို့ လုပ်ကြံခံရတာတဲ့လဲ။ ပြီးတော့ ပြန်ပေးဆွဲသွားတယ်ဆိုတော့ အသက်ရှင်နိုင်ဖို့အလားအလာနည်းသည်။ သေနတ်ဒဏ်ရာ ရနေသူကိုပြန်ပေးဆွဲသွားတာ အသက်ရှင်ဖို့မဖြစ်နိုင်။

D-Day [Complete]Where stories live. Discover now