U+Z
"တရားဝင်မိတ်ဆက်ပေးပါမယ်ဗျ။ ဒါက ကျွန်တော့်ချစ်သူ ရတီလို့ခေါ်ပါတယ်"
"ဝူး...ဟူး..."
သူရပိုင်ရဲ့မိတ်ဆက်အပြီးမှာ မင်းသန့်ဆီကပေါက်ကရပေါက်ပန်းလေးဆယ်အသံထွက်လာတော့သည်။ သူတို့အဖွဲ့တွေ အပြင်က စားသောက်ဆိုင်တစ်ဆိုင်မှာ စုကာစားသောက်နေကြတာဖြစ်သည်။
"ဟုတ်ကဲ့ လိုအပ်တာရှိရင် ရတီနဲ့လာရောက်ဆွေးနွေးလို့ရပါတယ်"
ရတီကပြောလိုက်ရင်း သူ(မ)ရဲ့ဆရာဝန်ကဒ်လေးကို ထုတ်ကာစားပွဲပေါ်တင်ပေးလိုက်သည်။ ပြီးသည်နှင့်
"သူ့ကိုလဲ စောင့်ရှောက်ပေးပါအုန်း"
သူရ ချစ်ရသူလေးလက်ကို ကိုင်ထားရင်း မြတ်မြတ်နိုးနိုးကြည့်မိသည်။ သူ့အတွက်နှစ်ယောက်မရှိတဲ့ ချစ်ရသူလေး။
"အဟမ်း...ကိုယ်လဲမိတ်ဆက်ပေးစရာ..အာ့!"
ဒီနေ့စကားတောင်မဆုံးသေးဘူး ခုံအောက်ကဒီနေ့ရဲ့ခြေထောက်က အကန်ခံလိုက်ရသည်။ ထိုအခါ ဒီနေ့က ဓိရာဇ်ဘက်ကိုလှည့်ကြည့်လာသည်။
"ဘာလဲကွာ ပြောလိုက်တော့မယ်"
စားပွဲပေါ်တင်ထားတဲ့သူ့လက်ကို လာကိုင်ကာဖျစ်ညှစ်လာတဲ့ ဒီနေ့။ လက်ကိုအတင်းရုန်းပေမယ်လွှတ်မပေး။
"ကိုယ်နဲ့ဓိရာဇ်လဲ မင်းတို့လိုပဲ"
ဘာလဲဆိုတာသိနေတဲ့နှစ်ယောက်ကတော့ သိပ်အံ့ဩမှုမပြပေမယ့် ရတီကတော့ အံ့ဩကာမျက်ခုံးလေးပင့်တက်သွား၏။ ဘေးနားက ကို့ကိုကြည့်လိုက်တော့ မပြောပေမယ့် သိနေတဲ့သဘောဆောင်သည်။
"ဘာကြီး!!"
ထအော်သူကတော့ မင်းသန့်ဖြစ်သည်။ မင်းသန့်က ကာယကံရှင်နှစ်ယောက်ကိုကြည့်လိုက်ရင်း သူရနဲ့မိုးလွင့်ကို ဆက်တိုက်ကြည်သည်။
"ကိုသူရ ကြားလိုက်လား"
"အင်း"
"ဟမ်! ကျွန်တော်ပဲ အံ့အားသင့်နေတာလား"
ထိုအခါမှ ဒီနေ့နဲ့ဓိရာဇ်လဲ သူရနဲ့မိုးလွင့်ကိုကြည့်လိုက်မိသည်။ ထိုနှစ်ယောက်က သူတို့ကိုရယ်ပြနေ၏။