Part 9

7.4K 385 8
                                    

U+Z

မူးယစ်ဆေးဖြန့်ချီနေတဲ့သတင်းရနေတာကြောင့် ဒီနေ့တို့အဖွဲ့မြို့ထဲမှာလှုပ်ရှားနေကြသည်။ ညဘက်တွေပါ အိမ်မကပ်ပဲ ကလပ်တွေ ဘားတွေမှာပါ သူတို့အဖွဲ့အားလုံး တစ်နေရာဆီလှုပ်ရှားနေကြ၏။ ပစ္စည်းရောင်းဝယ်နေတာကိုမိဖို့အတွက် ကလပ်ကိုသူတို့လာနေတာ တစ်ပတ်လောက်ရှိပြီဖြစ်သည်။ အမှန်တော့ လက်ရှိရထားတဲ့သတင်းက တခြားနိုင်ငံကထုတ်ပိုးပြီး ကိုယ့်နိုင်ငံတွင်းမှာပြန်ဖြန့်ဖို့အတွက် ကိုယ်စားလှယ်ယူထားတဲ့ခေါင်းဆောင်ပါ ထွက်လာမယ်လို့ကြားထားတာကြောင့် သူတို့စောင့်ကြည့်နေတာဖြစ်သည်။

"ယူ...တို့ ယူ့ကိုကြည့်နေတာ ၃ ရက်လောက်ရှိပြီ။ အမြဲတစ်ယောက်ထဲနော်"

ဒီနေ့အနားကိုရောက်လာတဲ့ မိန်းမပျိုလေးတစ်ယောက်။ တကယ်ကိုဆွဲဆောင်မှုရှိတယ်လို့ပြောရမှာပင်။ ကြိုးတစ်လုံးအနီရောင် body fit ကပေါင်လည်လောက်မှာဆုံးပြီး sexy ကျကျမိတ်ကပ်နှင့် အားလုံးကိုဖမ်းစားထားသည့်အလား။ ဒီနေ့ကတော့ ရှပ်ဗြောင်ကိုကျယ်သီးဖြုတ်ဝတ်ထားပြီး အောက်က style pant ကိုပဲဝတ်ထားသည်။ လူကြီးလူကောင်းတစ်ယောက်က ကလပ်ကိုလာပြီးအပျော်လာရှာတဲ့ပုံစံပေါက်နေကာ ကွက်ကြည့်ကွက်ကြည့်လဲခံရ၏။ ထောင့်ကျကျမှာအရက်ခွက်တစ်ခွက်နဲ့ဒီနေ့ကို ကောင်မလေးက ဘယ်အချိန်ထဲစောင့်ကြည့်နေလဲမသိရပေမယ့် သုံးရက်လောက်ရှိပြီမြင်တာဆိုတော့ ရှေးရက်တွေထဲက ဒီကောင်မလေးက ဒီနေ့ကိုမြင်သွားပြီးအကဲခတ်နေပုံပေါ်သည်။ သုံးရက်မြောက်မှာတော့ ၃ရက်လုံးလုံးအဖော်မပါပဲတစ်ယောက်ထဲဖြစ်နေတဲ့ ဒီနေ့ဆီကိုကောင်မလေးက စိုက်စိုက်မြိုက်မြိုက်ရောက်လာတော့သည်။

"တို့နဲ့တွဲမကချင်ဘူးလား"

အရက်နည်းနည်းဝင်နေလောက်ပြီဖြစ်တဲ့မိန်းကလေးက ရဲတင်းနေသည်။ ဒီနေ့အနားကိုတဖြည်းဖြည်းတိုးကပ်လာပြီး ရင်ခွင်ထဲဝင်တိုးဖို့လုပ်သည်။

"Sorry! သူ့မှာ ပါတနာရှိတယ်"

ရင်ခွင်ထဲကိုဝင်တိုးမယ့်‌မိန်းကလေးမှာ ယိုင်တိုင်တိုင်ဖြစ်သွားပြီး သူ့ရှေ့ကလူတစ်ယောက်ကို အရပ်မတိမ်းမယိမ်းကတုံးဆံပင်နဲ့လူတစ်ယောက်နဲ့ခါးကိုဆွဲဖက်သွား၏။

D-Day [Complete]Where stories live. Discover now