Part 16

7.5K 378 17
                                    

U+Z

ဂျုံး!!

အထဲမှာ ဆွေးနွေးနေတဲ့သူတွေအားလုံး တံခါးကိုဖွင့်လိုက်တာကြောင့် မျက်မှောင်ကြုတ်ကာ ဒေါသထွက်သွားတော့သည်။

"လူလိုနားမလည်ဘူးလား"

အစည်းအဝေးအခန်းရှေ့စောင့်နေတဲ့ တာဝန်ရှိသူကတော့ မျက်နှာပျက်နေတော့သည်။ အထဲမှာ ဦးမာန်ဟိန်းနဲ့အတူ အတွင်းရေးမှူး ဦးကျော်ရှိန်နှင့် တခြား လူ ၂ ယောက်ပါဝင်ပြီး ကိစ္စတစ်ခုကိုဆွေးနွေးနေတာဖြစ်သည်။ သူတို့မျက်နှာတွေပေါ်မှာလည်း အပူတွေပေါ်လွင်နေသည်။ အစောင့်ကို ပြောလိုက်ပေမယ့် အထဲကိုဝင်လာတဲ့သူကြောင့် သူတို့အားလုံး မတ်တပ်တွေထရပ်ကြရတော့သည်။

အထဲကိုဝင်လာတဲ့သူတွေက နိုင်ငံတော်အဆင့် ရဲမှူးချုပ်တွေဖြစ်တာကြောင့်။

"ရဲချုပ်ကြီး"

ဦးမာန်ဟိန်း ခပ်မြန်မြန် ဝင်လာတဲ့ ရဲချုပ်ကြီးကို နေရာပေးဖို့ရောက်လာ၏။ သို့ပေမယ့် သူထင်ထားသလိုမဟုတ်ပဲ နောက်ထပ်အရာရှိတွေဝင်လာကာ အသင့်ပါလာတဲ့ လက်ထိတ်တွေနဲ့ သူ့လက်ကိုခတ်လာသည်။ လက်ထိတ်ခတ်ပြီးသည်နှင့်ဆက်ကာ Mann Hein Foundation ဥက္ကဌ ဦးမာန်ဟိန်း ပြည်သူများပိုက်ဆံလိမ်လည်မှု၊ လူသတ်မှု၊ လူသေမှု၊ မုဒိန်းမှု စသည်ဖြင့်ရေရွတ်သွားသည့် အမှုများသည် လက်ချိုးရေလို့တောင်မရ။ ဦးမာန်ဟိန်း တစ်ယောက်ထဲမဟုတ်ပဲ အတူရှိနေသည့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်းကြီး၊ နိုင်ငံခြားရေးဌာနမှ လက်ထောက်ဝန်းကြီး၏ အတွင်းရေးမှူး စသည်ဖြင့် ၃ ယောက်ကိုချက်ချင်းဖမ်းဆီးလိုက်သည်။ ဦးမာန်ဟိန်း အတွင်းရေးမှူး ဦးကျော်ရှိန်ကတော့ ဦးမာန်ဟိန်းကျူးလွန်မည့် ကိစ္စများအား ကြံရာပါအထမြောက်အောင်ဆောင်ရွက်ပေးသူအဖြစ် ဖမ်းဆီးခံရသည်။

သတင်းကိုလည်းတပြေးညီတင်ဆက်ပေးနေပြီး Mann Hein Foundation ကိုလည်းပိတ်သိမ်းလိုက်ပြီး စစ်ဆေးသွားမယ်လို့ ထုတ်ပြန်လာသည်။ နိုင်ငံတော် website မှာ သတင်းကိုတပြေးညီတင်ပေးနေတာဖြစ်ပြီး အသက်ရှင်နေသေးသည့် မိန်းကလေးတွေအားလုံးကိုတော့ မိသားစုနဲ့ပြန်လည်ဆက်သွယ်ပေးလာပြီး မိဘတွေလက်ထဲကိုပြန်လည်ထည့်ပေးလိုက်ပြီဖြစ်၏။ သို့ပေမယ့် အလုပ်လုပ်ဖို့လာသည့် ယောက်ျားလေးများကိုတော့ ဆက်လက်ထိန်းသိမ်းထားတုန်းဖြစ်ပြီး မိဘတွေနဲ့တော့ ဖုန်းဖြင့်အဆက်အသွယ်လုပ်ခိုင်းထားပြီးသားဖြစ်သည်။ သူတို့ကိုတော့ လိုအပ်ရင်လိုအပ်သလို စစ်ဆေးမေးမြန်းရအုန်းမှာကြောင့်ဖြစ်၏။

D-Day [Complete]Where stories live. Discover now