Part 25

3.7K 249 11
                                    

U+Z

"ဒါက ဘာတွေလဲ"

"ဒယ်ဒီနဲ့ လူကြီးတွေလိုက်တွေ့ရမယ်ဆို။ ဒယ်ဒီပြင်ခိုင်းထားလို့ ပြင်ပေးထားတာ။ ဒီနေ့ကို ပေးထားဆိုလို့"

မြသက်လာပေးတဲ့ဗူးတွေကိုကြည့်လိုက်တော့ နီလာနဲ့လုပ်ထားတဲ့ရင်ထိုးတွေဖြစ်ပြီး ဗူးက ၅ ဗူးပါသည်။ ဒါက ဘာကိုဖော်ပြနေလဲဆိုတာ ဒီနေ့ သိသည်။ အဖွဲ့အစည်းဆိုတဲ့လူတွေကို လက်ဆောင်ပေးဖို့။ ဒီနေ့ကိုလည်း ပုဆိုးနဲ့ရှပ်အင်္ကျီပဲဝတ်ခိုင်းထားတာဖြစ်သည်။ မြသက်က အိမ်ကိုရောက်လာကာ လက်ဆောင်ပေးဖို့ဗူးတွေလာပို့တာဖြစ်သည်။

"ဒါ ဝတ်သွားမှာလား"

သူ့အခန်းထဲမှာဖြစ်ပြီး ဒီနေ့ အသင့်ထုတ်ကာတင်ထားတဲ့ ပုဆိုးနဲ့ရှပ်ကိုမေးနေတာဖြစ်သည်။

"အင်း"

မြသက် အခန်းထဲကိုရောက်တုန်းလှည့်ပတ်ကြည့်လိုက်သည်။ ဒီနေ့ရဲ့အိပ်ခန်းထဲကို အခုမှ သူ(မ) ရောက်ဖူးတာဖြစ်သည်။ အရင်တုန်းက ဝင်ကြည့်ချင်ပေမယ့် ဝင်မကြည့်ပဲနေခဲ့ရပေမယ့် အခုတော့ ခွင့်တောင်းစရာမလိုပဲဝင်လို့ရနေပြီမဟုတ်လား။ ဆိုင်တစ်ဖက်နဲ့အလုပ်ရှုပ်နေတဲ့ သူ(မ)က ဒယ်ဒီနဲ့မာမီပြောမှ ဒီနေ့နဲ့သူ စေ့စပ်မယ့်ကိစ္စကိုသိခဲ့ရတာဖြစ်သည်။ ဘယ်လိုကြောင့် ရုတ်တရက်ကြီးဖြစ်သွားလဲမသိပေမယ့် စေ့စပ်ရမယ့်သူက ဒီနေ့ဖြစ်လို့ ပျော်ရပါသည်။ သူတို့နှစ်ယောက်ထဲ စကားတောင်ကောင်းကောင်းမပြောဖြစ်သေး။ ဒယ်ဒီကတော့ အပြည့်အဝထောက်ခံပြီး ဆွဲခေါ်ပေးနေသည်။

"ဒီနေ့"

မြသက် ဒီနေ့ရှေ့ကိုဝင်ထိုင်လိုက်၏။ အလုပ်စားပွဲမျိုးဖြစ်ပြီး စာကြည့်စားပွဲကနေပြောင်းလဲသွားတာ။

"ဒါနဲ့ ငါတို့ အခေါ်အဝေါ်ပြောင်းသင့်တယ်လို့မထင်ဘူးလား"

ဒီနေ့ကပဲ တည်ငြိမ်လွန်းနေတာလားမသိပေ။ ဒါမှမဟုတ် လူကြီးဆန်နေတာလား။ သူ(မ)ပြောတော့လဲ မလှုပ်မယှက်နဲ့ဖြစ်၏။

"နင် ကြိုက်တာခေါ်ပါ"

သူ(မ)ကြိုက်တာခေါ်လို့ရတယ်ဆိုတော့ သူ(မ)သဘောလို့ပြောတာနဲ့အတူတူပဲမဟုတ်လား။

D-Day [Complete]Where stories live. Discover now