U+Z
ဒီနေ့မင်းလွင်နှင့်မြသက်ခြယ်ရဲ့စေ့စပ်ပွဲက စီးပွားရေးအရ ဒိတ်ဒိတ်ကြဲကြဲတွေတတ်ရောက်သလို၊ နိုင်ငံရေးနှင့်ဆက်နွယ်နေတဲ့ အရာရှိတော်တော်များများလဲတက်ရောက်သည်။ စေ့စပ်ပွဲမှာ အသိသက်သေလက်မှတ်ရေးထိုးသူတွေကလည်း နာမည်ကြီးတွေဖြစ်၏။ အဆင့်မြင့်မြင့်အစားအသောက်တွေနဲ့တည်ခင်းဧည့်ခံထားပြီး ပွဲတွင်းရှိလူအများက သူတို့မိတ်ဆွေတွေနဲ့စကားပြောရင်း စားသောက်နေကြသည်။
"အစ်ကို မလာတာပဲကောင်းပါတယ်"
မင်းသန့်ကပွဲထဲကိုကြည့်ပြီးပြောလိုက်တာဖြစ်ပြီး သူတို့သုံးယောက်က ဝိုင်းတစ်ဝိုင်းမှာထိုင်နေတာဖြစ်၏။
"ဟိုဟာ ရဲမင်းကြီးဦးဇော်မြင့်မလား"
မိုးလွင့်က သူရအနားကိုတိုးသွားပြီးမေးလိုက်သည်။ သူရကခေါင်းငြိမ့်ပြလိုက်၏။ သူတို့နဲ့ရဲမင်းကြီးနဲ့တွေ့ဆုံဖို့ဆိုတာ မဖြစ်နိုင်။ ပြီးတော့ ရဲမင်းကြီးက အစ်ကို့ရဲ့ယောက္ခလောင်း စီးပွားရေးလုပ်ငန်းရှင်း တိုးပွားလုပ်ငန်းစုရဲ့တည်ထောင်သူ ဦးသတိုးနဲ့စကားပြောနေတာဆိုတော့ ဦးသတိုးရဲ့မိတ်ဆွေဖြစ်နိုင်တယ်လို့ သူတို့အားလုံးခန့်မှန်းသည်။
"ခေါင်းဆောင်ကြည့်ရတာ မပျော်သလိုပဲ"
မိုးလွင့်ကဆက်ပြီးပြောသည်။
"အင်း။ ငါတို့ထင်သလို မရိုးရှင်းလောက်ဘူး"
"ဟုတ်တယ်။ နောက်ကွယ်မှာ တစ်ခုခုရှိလိမ့်မယ်"
"အင်း"
သူတို့က ဒီဘက်မှာစေ့စပ်ပွဲလုပ်နေတုန်း တစ်ဖက်မှာ ဓိရာဇ်နဲ့ဦးအောင်မြင့်က နိုင်ငံတော်အတိုင်ပင်ခံ ဦးအောင်ခန့်နဲ့ဆွေးနွေးနေ၏။ သူတို့ရှေ့ဆက်လုပ်ဆောင်ရမယ့်ကိစ္စကို တိုင်ပင်ဆွေးနွေးနေတာဖြစ်ပြီး လက်ရှိသမ္မတကလည်း ခွင့်ပြုပေးထားတယ်လို့ဆိုသည်။
"သမ္မတကြီးဦးဆင့်သိန်းကိုလည်း အန်ကယ်က လုံခြုံရေးအပြည့်အဝထားပေးထားပါအုန်း"
"အန်ကယ်စီစဉ်ထားတယ်"
"သူတို့အဖွဲ့ပြန်လုံးနေပြီဆိုရင် ဦးဆင့်သိန်းအတွက်လည်း အန္တရာယ်ရှိတယ်"
