Part 8

3.9K 254 5
                                    

U+Z

အကျဉ်းသားတစ်ယောက် ကြိုးဆွဲချသတ်သေသွားတဲ့အပေါ်မှာ အားလုံးအလုပ်ရှုပ်နေကြတော့သည်။ ထောင်းမှူးအပြင် ညဆိုင်းတာဝန်ကျရာ ထောင်စောင့်တွေလည်းစစ်ဆေးမေးမြန်းခံနေရသည်။ မှုခင်းရဲအရာရှိတွေလည်းရောက်နေပြီး cctv ပြန်ကြည့်ဖို့လုပ်နေကြ၏။

"ကြည့်မနေနဲ့ ဘာမှတွေ့ရမှာမဟုတ်ဘူး"

ဓိရာဇ်ကို အားလုံးကလှည့်ကြည့်တော့သည်။ CCTV ခန်းထဲမှာအားလုံးက ရှေ့မှာစုနေကာ ကြည့်ဖို့လုပ်နေကြပေမယ့် ဓိရာဇ်က နောက်နံရံမှာမှီကာ လက်ပိုက်ပြီး သူတို့ကိုစိတ်ပျက်နေတဲ့ပုံစံနဲ့ကြည့်ကာပြောနေသည်။ တကယ်တမ်း cctv ကြည့်တော့လည်း ဓိရာဇ်ပြောသလိုပါပဲ။ အကောင်းအတိုင်းရှိနေတဲ့ cctv က သေဆုံးသူတစ်နာရီအလိုမှာ ကြိုတင်ပျက်နေသည်။ 

"ဒီနေ့ ခင်များနေခဲ့အုန်းမှာလား။ ကိုယ်တော့ပြန်တော့မယ်"

"ပြန်မယ်"

စောရပိုင် ကြိုးဆွဲချသတ်သေသွားတယ်ဆိုတဲ့သတင်းကြားထဲက အိမ်ကနေထောင်ကိုတန်းလာတာဖြစ်ပြီး ပြန်တော့လည်း ကားတစ်စီးဆီကိုယ်ဆီနဲ့ စခန်းကိုပြန်ခဲ့ကြသည်။ သူတို့ကိုယ်ဆီမှာတော့ အတွေးတွေနဲ့ဖြစ်ကာ စောရပိုင်သေဆုံးမှုကိုဘယ်လိုအစဖော်ရမလဲ စဉ်းစားနေကြသည်။

"ဦးလေး"

.....

"လှုပ်ရှားဖို့အတွက် သင့်တော်တဲ့သူကို ခိုင်းဖို့ရွေးထုတ်ထားပေးပါ"

အလောင်းကို ရင်ခွဲရုံကိုပို့ထားပေမယ့် စောရပိုင်သေဆုံးမှုက သူ့ကိုယ်သူ ကြိုးဆွဲချသတ်သေတာမဖြစ်နိုင်ဘူးဆိုတာ ဓိရာဇ်သိသည်။ CCTV တွေကလည်းပျက်နေတယ်၊ အစောင့်တွေကလည်း ဘာမေမေး မမြင်ဘူး၊ မကြားဘူးပဲပြောကြမှာဆိုတော့ ဒီအထဲမှာစောရပိုင်ကိုလုပ်ကြံဖို့ အစထဲကလူထည့်ထားသလို အထက်လူကြီးတွေလည်းပါဝင်ပတ်သက်နေမှာပဲ။ ဒီအတိုင်းစစ်မေးနေရင် ကြိုးဆွဲချသေဆုံးမှုနဲ့ပဲ အမှုကိုအဆုံးသတ်လိုက်မှာ။ အခုလက်ရှိလဲ စောရပိုင်အမှုကို ဒီလိုပဲအဆုံးသတ်မှာကို ကြိုသိနေပေမယ့် သူက‌တော့နောက်ကွယ်မှာစုံစမ်းမှုတွေဆက်လုပ်ဖို့ လုပ်လိုက်သည်။

D-Day [Complete]Where stories live. Discover now