အပိုင်း (၉)

460 39 0
                                    

Zawgyi

ဤနေရာသို့ကူးပြောင်းလာပြီးနောက်ဒါကပထမဆုံးသောရှေး
ခေတ်ကမြို့၏အခြေနေကိုရှောက်ကျန့်မြင်ဖူးခြင်းပင်စာတွေဝတ္ထုတွေထဲမှာဖတ်ဖူးကြားဖူးသော်လဲကိုယ်တိုင်လာရောက်မြင်တွေ့ရသောအခါအနည်းငယ်စိတ်လှုပ်ရှားမိတယ်လမ်း၏ဘေးတစ်ဖက်ဆီ၌ဆိုင်ခန်းများစွာရှိပြီးတချို့နေရာတွင်လမ်းဘေးဈေးသည်တွေလဲရှိကာပေါက်စီရောင်းသည့်လမ်းဘေးဆိုင်ကလေနဲ့အတူလွှင့်လာသည့်ပေါက်စီ၏အနံ့တွေကလူကိုဗိုက်တောင်ဆာလာသလိုခံစားရစေသည်လမ်းမပေါ်တွင်တော့လူတွေမြင်းလှည်းတွေနဲ့နွားလှည်းတွေကသွားလာလှုပ်ရှားကာအတော်လေးကိုအသက်ဝင်နေ၏

စိတ်လှုပ်ရှားနေပေမဲ့လာရင်းကိစ္စကိုတော့မေ့မထားပါဘူးဒီတစ်ခါသူနဲ့မြို့သို့လိုက်လာသည့်သူမှာဝမ်ရိပေါ်နဲ့လောင်စန်းဖြစ်သည်မြို့နဲ့သူတို့ရွာကိုလမ်းလျှောက်လာလျှင်တစ်နာရီလောက်ကြာနိုင်သော်လဲကံကောင်းစွာဖြင့်မူလပိုင်ရှင်ကတုံးအ,မိုက်မဲပေမဲ့သူ့ကိုယ်သူတော့အပင်ပန်းမခံချင်တာကြောင့်နွားများကိုဈေးပင်မဆစ်ပဲဝယ်ထားခဲ့၏ရွာထဲတွင်နွားလှည်းရှိသည့်အိမ်မှာလက်ငါးချောင်းပင်မပြည့်ပေတစ်ခါတလေရွာသားများကမူလပိုင်ရှင်ထံနွားလှည်းလာဌားသောအခါမူလပိုင်ရှင်ကဌားရမ်းမပေးခဲ့ဖူးပေရွာသားများကိုမပြောနဲ့ယောက္ခမဖြစ်သူတို့ဌားရမ်းလျင်ပင်မကျေမနပ်ဖြစ်နေတက်၏မူလပိုင်ရှင်အကြောင်းစဉ်း
စားမိတော့ရှောင်းကျန့်လဲကူကယ်ရာမဲ့စွာသက်ပြင်းချမိသည်

နွားလှည့်ကိုမြို့အဝင်နားတွင်ရပ်ထားပြီးလောင်စန်းကိုနွားလှည်းနှင့်သစ်သားစပါးပြာစက်ကိုစောင့်ကြည့်ထားရန်မှာကြားခဲ့၍သူနဲ့ရိပေါ်ကတော့မြို့ထဲရှိပရိဘောဂတွေရောင်းသည့်လက်သမားဆိုင်သို့ဦးတည်လိုက်သည်ဆိုင်ကိုရောက်တော့အရောင်းဝန်ထမ်းတွေကဝယ်သူများကိုသူတို့ဆိုင်၏လက်မှုပရိဘောဂများကိုမိတ်ဆက်ပေးနေပြီးမန်နေဂျာဖြစ်ဟန်တူသည့်အသက်30ကျော်အရွယ်အမျိုးသားကပေသီးတွက်နေသည်

ဝန်ထမ်းငယ်လေးကသူနဲ့ရိပေါ်အားမြင်သော်စိတ်အားထက်သန်စွာပြေးလာပြီးသူတို့ဝတ်ထားသည့်အဝတ်များအားမြင်သော်ချက်ချင်းအထင်မြင်သေးသည့်အကြည့်ဖြင့်တစ်ချက်ကြည့်ပြီးမျက်မှာလွှဲသွားသည်ကိုမြင်တော့ရှောင်းကျန့်အနည်းငယ်ဒေါသထွက်မိ၏ရိပေါ်ကိုကြည့်လိုက်တော့ဒီလိုအခြေနေကိုနေသားကျနေသလိုဖြစ်နေတာကိုတွေ့တော့သူဝမ်းနည်းလာမိသည်ထို့ကြောင့်

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now